ရွှေဘိုမြို့ရှိ အဝေးပြေးကားကွင်းအနီး၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ပေါက်ကွဲပြီး ၁ဦး သေဆုံး၊ ကလေးငယ် ၃ဦး အပါအဝင် ၁၈ဦး မိုင်းစထိမှန် ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုမြို့ရှိ အဝေးပြေးကားကွင်းအနီး၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ပေါက်ကွဲပြီး ၁ဦး သေဆုံး၊ ကလေးငယ် ၃ဦး အပါအဝင် ၁၈ဦး မိုင်းစထိမှန် ဒဏ်ရာရ





















MNP ၊ မတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ကားကြီးကွင်း အနီး၌ ယမန်နေ့ နံနက် ၉ နာရီခွဲခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးကာ၊ ကလေးငယ် ၃ဦး အပါအဝင် ၁၈ ဦး မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

    

အဆိုပါ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့မှုကြောင့် ကားကြီးကွင်းအနီး လမ်းမပေါ်တွင် လှုပ်ရှား သွားလာလျက်ရှိသည့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦး သေဆုံးခဲ့ရခြင်းဖြစ်ပြီး အသက် ၄ နှစ်အရွယ်နှင့် အသက် ၁၁ နှစ်အရွယ်ကလေးငယ် ၂ ဦး အပါအဝင် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၁၈ ဦး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။


အဆိုပါမိုင်းစထိမှန်ဒဏ်ရာ ရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ရွှေဘိုမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိသည်။


ထိုသို့ ဆေးကုသပေးနေမှုများအား ရွှေဘိုတပ်နယ်မှ တာဝန်ရှိသူများက  သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် မိုင်းထောင်ဖောက်ခွဲခဲ့သူများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီး နိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြည်သူများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)