SME နှစ်ဆင့်ချေးငွေစီမံကိန်း လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

SME နှစ်ဆင့်ချေးငွေစီမံကိန်း လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ


MNP   -   မတ် ၃

မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်အနေဖြင့် လိုအပ်သောငွေကြေးထောက်ပံ့မှုများကို ကူညီပံ့ပိုးပေးနိုင်ရန် SME နှစ်ဆင့်ချေးငွေစီမံကိန်း အဆင့်-၁ နှင့် စီမံကိန်းအဆင့်-၂ တို့ကို ၂၀၁၆ ခုနှစ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါ SME နှစ်ဆင့်ချေးငွေစီမံကိန်း၏ လုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃) ကို ယနေ့တွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပသည်။


အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက MSME များသို့ အတိုးနှုန်းသက်သာသည့် ချေးငွေများပံ့ပိုးနိုင်ရန် SME လုပ်ငန်းရှင်တစ်ဦးလျှင် ချေးငွေကျပ် သန်း ၅၀၀ အထိ အရစ်ကျပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးခဲ့ပြီးဆက်လက်၍လည်း ချေးငွေရယူလိုသည့် SME များသို့ ချေးငွေအသစ်များကို စဉ်ဆက်မပြတ်ထုတ်ချေးပေးလျက်ရှိပါကြောင်း၊ စီမံကိန်း အဆင့်-၁ ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ ငွေကျပ် ၅၇ ဒသမ ၆၃၄ ဘီလီယံဖြင့် မတည်ဆောင်ရွက်ခဲ့ပြီး SME လုပ်ငန်းရှင် ၂၆၉ ဦးသို့ ငွေကျပ် ၅၇ ဒသမ ၆၃၄ ဘီလီယံ ထုတ်ချေး ခဲ့ပြီးဖြစ်ပါကြောင်း၊ SME လုပ်ငန်းရှင်များက ပြန်လည်ပေးဆပ်သည့်ငွေများကို လှည့်လည်ရန်ပုံငွေ စာရင်းသို့ထည့်သွင်းပြီး အဆိုပါရန်ပုံငွေမှ SME လုပ်ငန်းရှင်၂၈၃ဦး သို့ ငွေကျပ် ၆၆ ဒသမ ၉၄၄ ဘီလီယံ ထပ်မံထုတ်ချေးနိုင်ခဲ့ပါကြောင်း၊ သို့ပါ၍ စီမံကိန်း အဆင့်-၁ တွင် ယခုဖေဖော်ဝါရီ ၂၈ ရက် အထိ SME လုပ်ငန်းရှင် ၅၅၂ ဦးသို့ ငွေကျပ် ၁၂၄ ဒသမ ၅၇၈ ဘီလီယံထုတ်ချေးခဲ့သည်ကို တွေ့ရှိရကြောင်း။


စီမံကိန်းအဆင့်-၂ ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလမှစတင်၍ ငွေကျပ် ၁၉၄ ဒသမ ၉၆၅ ဘီလီယံဖြင့် မတည်ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ မတည်ရန်ပုံငွေမှ SME လုပ်ငန်းရှင် ၁၃၀၆ ဦးသို့ ငွေကျပ် ၁၉၄ ဒသမ ၈၆၅ ဘီလီယံထုတ်ချေးနိုင်ခဲ့ပါကြောင်း၊ SME လုပ်ငန်းရှင်များက ပြန်လည်ပေးဆပ်ငွေများကို လှည့်လည်ရန်ပုံငွေစာရင်းသို့ထည့်သွင်းပြီး အဆိုပါရန်ပုံငွေမှ SME လုပ်ငန်း ရှင် ၂၅၄ ဦးသို့ ငွေကျပ် ၆၆ ဒသမ ၃၈၆ ဘီလီယံ ထပ်မံထုတ်ချေးနိုင်ခဲ့သဖြင့် စီမံကိန်းအဆင့်-၂ တွင် ယခုဖေ‌ဖော်ဝါရီ ၂၈ ရက်အထိ SME လုပ်ငန်းရှင် ၁၅၆၀ သို့ ငွေကျပ် ၂၆၁ ဒသမ ၂၅၁ ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ပါကြောင်း။


ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် SME လုပ်ငန်းရှင်များအတွက် အရေးပေါ်ချေးငွေ (Emergency Loan) အဖြစ် SME လုပ်ငန်းရှင် ၅၇၄ ဦးသို့ ငွေကျပ် ၇၁ ဒသမ ၇၃၁ ဘီလီယံ ထုတ်ချေးနိုင်ခဲ့ပါကြောင်း။


စီမံကိန်းအဆင့်-၁ နှင့် စီမံကိန်းအဆင့်-၂ တို့၏ လှည့်လည်ရန်ပုံငွေစာရင်းတွင် ကျန်ရှိနေသည့် ရန်ပုံငွေများအား စီမံကိန်းတွင်ပါဝင်သည့် ဘဏ်များမှတစ်ဆင့် နိုင်ငံတော်မှချမှတ်ထားသည့် စီးပွားရေးမူဝါဒများ၊ SME ချေးငွေစံသတ်မှတ်ချက်များနှင့်ကိုက်ညီသည့်လုပ်ငန်းများကို ထုတ်ချေးနိုင်ရန် ဆက်လက်ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။


ဆက်လက်၍ မြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးနှင့် တာဝန်ရှိသူများက နှစ်ဆင့်ချေးငွေထုတ်ချေးထားမှုနှင့် ဆက်လက်ထုတ်ချေးမည့် အစီအစဉ်များကို တင်ပြဆွေးနွေးခဲ့ရာတက်ရောက်ကြသည့် လုပ်ငန်းကော်မတီဝင်များက ဝိုင်းဝန်းအကြံပြု သုံးသပ်ဆွေးနွေးကြသည်။


အစည်းအဝေးသို့ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ ငွေတိုက်ဦးစီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဘဏ်များအသင်းတို့မှ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)