စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူငယ်နှင့်စာရိတ္တဆွေးနွေးပွဲ Talk Show ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူငယ်နှင့်စာရိတ္တဆွေးနွေးပွဲ Talk Show ဆောင်ရွက်


MNP ၊ မတ် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက်(၁ဝ)နာရီက လူငယ်နှင့်စာရိတ္တဆွေး​နွေးပွဲ Talk Show ဆောင်ရွက်ခဲ့သည်။


ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက လူငယ်လူရွယ်များ ရည်မှန်းချက်ရှိရန် လိုအပ်သလို အကျင့်စာရိတ္တကောင်းမွန်မှန်ကန်ဖို့ကလည်း အရေးကြီးပါကြောင်း၊ အကျင့်စာရိတ္တမကောင်းရင် လူတော်တစ်ယောက်ဖြစ်ပေမဲ့ လူကောင်းတစ်ယောက်ဖြစ်လာမှာမဟုတ်ကြောင်း၊ ဒါကြောင့်စာရိတ္တနှင့်စိတ်ဓာတ်မှာ အဓိက ကျသည့်အတွက် လူငယ်နှင့်စာရိတ္တဆွေးနွေးပွဲ Talk Show ကျင်းပရသည့် ရည်ရွယ်ချက်ကို ဆွေးနွေးခဲ့သည်။


ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဦးသန်းဝင်း (ပညာရေးဌာနငြိမ်း)က လူငယ်များ လူနေမှုဘဝ တိုးတက်မြင့်မားရန် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ဖို့ အရေးကြီးပါတယ်၊ စာရိတ္တဗလသည်အထူးအရေးကြီးပါကြောင်း၊ မိမိ အတွေ့အကြုံအရ စာရိတ္တဗလမခိုင်မာလျှင် ကျန်ဗလလေးတန်မှာ ယိမ်းယိုင်စေပါကြောင်းနှင့် စာရိတ္တကောင်းမွန်ရန် ဦးနှောက် ဖွံ့ဖြိုးတိုးတက်ဖို့ စာကောင်းပေမွန်တွေ ဖတ်ရှုလေ့လာဖို့လိုအပ်ပါတယ်၊ စာအုပ်တွေကလူကို ပြုပြင်ပေးနိုင်သလိုလိမ္မာစေတယ်၊ ယဉ်ကျေးစေတယ်၊ အသိပညာရှိ​စေနိုင်တယ်၊ အတတ်ပညာတိုးပွားစေနိုင်တယ်၊ အတွေးအခေါ်ရင့်ကျတ်စေနိုင်တယ်၊ ဗဟုသုတ တိုးပွားစေနိုင်တယ်၊ ဒါကြောင့်စာရိတ္တကောင်းမွန်ရန် စာကောင်းပေမွန်များ ဖတ်ရှုလေ့လာမှတ်သားရန် အထူးလိုအပ်ပြီး မကောင်းသော ပတ်ဝန်းကျင်ကို ရှောင်ရှားကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


ဝင်းဝင်းသန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)