MNP ၊ မတ် ၂၈
တစ်မျိုးသားလုံး လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါး၏ အန္တရာယ်အကြောင်းကိုသိရှိပြီး၊ ရှောင်ရှားရန်နှင့် အသိပညာဗဟုသုတများ ရရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံး Community Centre ခန်းမ၌ ယနေ့ နံနက်(၁၀) နာရီအချိန်က လူငယ်နှင့်မူးယစ်ဆေးဝါး အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်မှ မူးယစ်ဆေးဝါးအဓိပ္ပါယ်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ၊ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသော ရောဂါလက္ခဏာနှင့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအကြောင်းကို ရှင်းလင်း ဆွေးနွေးခဲ့သည်။
၎င်းးနောက် စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင် စာရေးဆရာမ လမင်းအိမ်(ဥပဒေ)မှ ယနေ့ လူငယ်လူရွယ်များ၏ စိတ်ဓာတ်နှင့်အကျင့်စာရိတ္တမဏ္ဏိုင်ကို အကြီးမားဆုံးလှိုက်စားဖျက်ဆီးနိုင်သည့် မူးယစ်ဆေးဝါး အန္တရာယ်အား အသိပညာဗဟုသုတရရှိစေရန်၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ရှောင်ရှားနိုင်ရန်နှင့် မူးယစ်အန္တရာယ်မကျ ရောက်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံးအနေဖြင့် ဌာနဆိုင်ရာများ၊ တတ်သိပညာရှင်များနှင့် ချိတ်ဆက်၍ အသိပညာပေး Talk Show များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါ Talk Show များကို ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်သူ့စာကြည့်တိုက် Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment