ပွင့်ဖြူမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး( Talk Show ) ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး( Talk Show ) ဆွေးနွေးပွဲကျင်းပ


MNP ၊ မတ် ၂၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာအသိပညာပေး (Talk Show)  ဆွေးနွေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့နယ်ရုံး လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။


ဆွေးနွေးပွဲတွင် ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက ပြည်သူများ စာပေအသိပညာ တိုးပွားစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲ (Talk Show)အား ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ဆွေးနွေးပွဲတွင် ဦးဆောင်ပါဝင်ဆွေးနွေးသူ မြို့နယ်စားသုံးသူရေးရာတာဝန်ခံ ‌ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးဝင်းက ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်နှင့် မူးယစ် ဆေးဝါးတားဆီးကာကွယ် နှိမ်နင်းရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်အတွက် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများ၊ ရောဂါလက္ခဏာများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံတော်အစိုးရမှ လူမှုအသိုက်အဝန်းတွင် ပြည်သူလူထု လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်စေရေး မူးယစ်ဆေးဝါးသုံးစွဲသူ လျော့နည်းပပျောက်ရေးအတွက် မူးယစ်ဆေးဝါးတားဆီး ကာကွယ်နှိမ်းနင်းရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ မူးယစ်ဆေးဝါးအန္တရာယ် ကင်းဝေးစေရန် ဆင်ခြင်သတိပြုလိုက်နာရမည့် ဆောင်ရန်ရှောင်ရန်များကို အသိ ပညာပေး ဆွေးနွေးပြောကြားခဲ့သည်။


ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာ တိုးပွားစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးခြင်း၊ စာအုပ်ပြပွဲ နံရံကပ် စာစောင်ပြပွဲများ ကျင်းပပေးခြင်းအပြင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်(Book Club)အဖွဲ့တို့နှင့် ပူးပေါင်းပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ သဘာဝဘေး ကြိုတင်ကာကွယ်ရေးစသည့် လေ့လာသိမှတ်ဖွယ်ရာ အသိပညာပေး(Talk Show) ဆွေးနွေးပွဲများကို လစဉ် စီစဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။


လှိုင်ဝင်းလေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)