နွေသီးနှံရေပေးဝေရေးနှင့် စပ်လျဉ်း၍ ပျဉ်းမနားမြို့နယ် ရေအသုံးချသူ တောင်သူ(WUG)အဖွဲ့များနှင့် တွေ့ဆုံ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

နွေသီးနှံရေပေးဝေရေးနှင့် စပ်လျဉ်း၍ ပျဉ်းမနားမြို့နယ် ရေအသုံးချသူ တောင်သူ(WUG)အဖွဲ့များနှင့် တွေ့ဆုံ

28


MNP ၊ မတ်  ၁၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (နေပြည်တော်)မှ ရေအသုံးချသူ တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပျဉ်းမနား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခင်ဇော်မှ ပျဉ်းမနားမြို့နယ် အနေဖြင့် ငလိုက်ဆည်ရေသောက်ဧရိယာတစ်ခုလုံး၏ ၈၅%  ခန့်ရေသောက် ဧရိယာရှိကြောင်း၊ မြောင်းအလိုက် ဖွဲ့စည်းထားသော ရေအသုံးချသူ တောင်သူ (WUG) (၈၂)ဖွဲ့တွင် ပါဝင်သော အဖွဲ့ဝင်တောင်သူ (၁၇၈၁)ဦးတို့၏ စည်းလုံးညီညွတ်မှု ပူးပေါင်းပါဝင်မှုတို့ကြောင့်  (၂၀၂၂-၂၃) မိုးစပါးလျာထားချက် ပြည့်မီအောင် (၁၀၇၃၃)ဧက စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊  ဆောင်းသီးနှံအနေဖြင့်လည်း ဆည်ရေသောက်အတွင်း (၁၁၂၄၇) ဧကစိုက်ပျိုးနိုင်ခဲ့ ပြီဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် ယခုလို ပူးပေါင်းပါဝင်လာမှုကြောင့် နိုင်ငံတော်၏ ရည်မှန်းချက် အတိုင်း နှစ်သီးမှ သုံးသီးစိုက်ပျိုးနိုင် ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် ဆက်လက်ပူးပေါင်း ပါဝင် ဆောင်ရွက်ကြပါရန် ပြောကြားခဲ့သည်။ ထို့နောက် ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းက အမှာစကားပြောကြားခဲ့သည်။


ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော တိုင်းအဆင့် ဌာနဆိုင်ရာများ အကြီးအကဲများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီးဆွေးနွေးမှာကြားခဲ့ပြီး ပျဉ်းမနားမြို့နယ် ရေအသုံးချသူများအဖွဲ့မှ မိမိတို့၏လုပ်ငန်း ဆောင်ရွက်နေမှုများကို တင်ပြခဲ့ကြရာ ညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့် တာဝန်ရှိသူများက လိုအပ်သည်များအား ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မျိုးသီဟ

 https://t.me/MyanmarNationalPost

.com/img/a/



No comments:

Post a Comment

Donate and Support

Pages