မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် စလင်းမြို့နယ် တညောင်လျှပ်စစ်မြစ်ရေတင်စီမံကိန်း ရေသောက်ဧရိယာအတွင်းရှိ ဒေသခံတောင်သူများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် စလင်းမြို့နယ် တညောင်လျှပ်စစ်မြစ်ရေတင်စီမံကိန်း ရေသောက်ဧရိယာအတွင်းရှိ ဒေသခံတောင်သူများနှင့် တွေ့ဆုံ




MNP ၊ ဧပြီ ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) တညောင်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းသို့ မကွေးတိုင်း‌ဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်တာဝန်ရှိသူများမှ ယမန်နေ့ နံနက် ၉ နာရီ ၅၅ မိနစ် အချိန်က တညောင်လျှပ်စစ်မြစ်ရေတင်စီမံကိန်း ရေသောက်ဧရိယာအတွင်းရှိ ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်းရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) တညောင်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် သက်ဆိုင်ရာအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် တညောင်လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ တာဝန်ရှိသူများမှ မြစ်ရေတင်စီမံကိန်းရေသောက်ဧရိယာတွင် ပါဝင်သော ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ တညောင်လျှပ်စစ်မြစ်ရေတင်စီမံကိန်းလုပ်ငန်း ဦးစီးအရာရှိ ဦးစည်သူဟိန်းမှ ရေပေးဝေ နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ဒေသခံတောင်သူများမှ မြေအောက်ရေဖြင့် ရေရယူနိုင်သည့် ရေတွင်းများ တူးဖော်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ငွေကြေးထုတ်ချေးပေးနိုင်ရေးတို့ကို ဆွေးနွေးတင်ပြခဲ့ရာ မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင်က လက်ရှိရေရယူနေသည့် မြစ်ကျိုးအင်းအပြင် ညောင်ပင်လှကျေးရွာအနီး မြစ်ကျိုးအင်းအား တိုးချဲ့တူးဖော်နိုင်ရေး လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ဒေသခံ တောင်သူများအတွက် ရေပေးဝေမှုနှင့် ရေရရှိသည့်အချိန်တွင် ရေအခက်အခဲမရှိရယူနိုင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် တိုးချဲ့တူးဖော်နိုင်ရေးကို တွက်ချက်၍ သက်ဆိုင်ရာဌာနမှ တင်ပြရန်လိုအပ်ကြောင်းနှင့် ဒေသခံတောင်သူများ၏ ဆွေးနွေးတင်ပြချက်များအရ ရေတွင်းများ တူးဖော်နိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သည့်  စိုက်ပျိုးရေး၊ လယ်/ အင်း၊ ကျေးလက်ဖွံဖြိုးရေးဦးစီးဌာန၊ လယ်ယာဖွံဖြိုးရေးဘဏ်၊ လျှပ်စစ်မြစ်ရေတင်စီမံကိန်းဦးစီးဌာနတို့နှင့် ပူးပေါင်းကွင်းဆင်း၍ စီစစ်တွက်ချက်တင်ပြပေးရန်တို့ကို ပြောကြားကာ ဒေသခံတောင်သူများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ အသီးသီးတို့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)