အဆိုတော် ယုန်လေး ဓားဖြင့် ရန်ပြုလာသည်ကို အဆင်ပြေစွာ ဖြေရှင်းခဲ့ဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဆိုတော် ယုန်လေး ဓားဖြင့် ရန်ပြုလာသည်ကို အဆင်ပြေစွာ ဖြေရှင်းခဲ့ဟုဆို


MNP ၊ ဧပြီ ၂၅

အဆိုတော် ယုန်လေးအား ရန်ပြုလိုသူ တစ်ဦးက ဓားဖြင့် ရန်မူလာသည်ကို အဆင်ပြေစွာ ဆုတ်ခွါခဲ့ကြောင်း ယုန်လေး က သူရဲ့ facebook စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။


အဆိုတော် ယန်လေး က "ဒီနေ့ အဖြစ်ပျက်က သတိရှိလို့ အစားစားဖို့ဆို ဘယ်လိုနေရာမှာ မဆို စားတာ ဆင်ချင်ရတော့မယ်။ ဓားနဲ့ လာရန်မူ ဖို့လာတဲ့လူကို ကျွန်တော် လည်း ဘာမှမဖြစ်ခဲ့သလို သူ့ကိုလည်း ဘာမှ ဖြစ်သွားအောင် မတုံ့ပြန်ပဲ အဆင်ပြေစွာခွာ ခဲ့ကြပါသည်။ ဘယ်သူမေးမေး ဖြစ်သည့်နေရာ ရပ်ကွက် မြို့နယ် ကျွန်တော် ပြောမည်မဟုတ်ပါ။ မလိုလား အပ်သည် စိတ်အနှောင့်ယှက်များ အဲ့ပတ်ဝန်းကျင်က လူအများ ခံစားရမှာ ဆိုးလို့ပါ။ ဘုရား တရား အမြဲ ရှိတာနဲ့ သူများရဲ့ဒုက္ခတွေ စိတ်သောကတွေကို ဖြေရှင်းပေးခဲ့တဲ့ ကုသိုလ်တွေ ကြောင့်လို့ယုံကြည်ပါတယ်" လို့ ရေးသားဖော်ပြထားပါတယ်။

သီချင်း တစ်ပုဒ်က စပြီး တံဆိပ်ကပ်ခံ ပြစ်မှတ် ဖြစ်ခဲ့ကြောင်း "ဘဝက အခုချိန်ထိ ကိုအေးအေးချမ်းချမ်းကိုမနေရသေးပါဘူး။ တော်တော် ဝဋ်ကြီးတယ်။ စိတ်အရမ်းပျက်မိတယ်။ တပ်မတော် မပြောနဲ့ အရံ မီးသတ်မှာ အရစ်နဲ့တောင် အမျိူး ထဲမှာ မရှိတဲ့ သာမာန်မိသားစုတွေထဲက ပေါက်ဖွားလာတဲ့ မိဘမဲ့ တစ်ယောက်ပါ။ လူပေါင်းများစွာက  လူတစ်ယောက်ကို အုပ်စုလိုက်ကြီး ဝိုင်းအုံ အနိုင်ကျင့်မှုခံနေရတဲ့ လူက အမှန်တရား ရှင်းပြဖို့ အင်အားမရှိတော့ဘူး။ ဘာမှကို မရှင်းချင်တော့ပဲ ဘယ်သူ့နဲ့ မှ မတွေ့ ချင်။ ဘာဖြစ်ဖြစ်ကိုယ်ပဲမှားတယ် ထင်မြင်ပြီး ဘယ်အရာကိုမဆို ယုံကြည်မူ့တွေပျောက်ဆုံးတက်ကျပါတယ်။ အဲ့ထဲမှာကျွန်တော်လည်းပါပါတယ်။ Fb ကို အကျိူးရှိရှိ သုံးဖို့ထက် အကျိူးယုတ် အောင် အသုံးပြုကျတယ်။ တစ်ခုခု ဆို သေချာ မသိဘူး ဟုတ်ဟုတ် မဟုတ်ဟုတ် အပျက်ဘက်ကိုပဲ ဦးတည်ပြီး ဆဲဆိုကျတယ်။ 

ဝင်ယောင်ကျတယ်။ အဲ့လို လက်ညိုးတွေ ဝိုင်းထိုးခံရတယ်။ အပုပ်ချ အပြစ်တင်ခံရတယ်။ အဲ့လို ထိုးနှပ်မူ့တွေကြောင့် စိတ်ဒဏ်ရာ ကာလရှည် ရခဲ့တဲ့ မိသားစုတွေ မနည်းပါဘူး။ အဓိက က Fb မှာ ဘာမှသေသေချာချာ မသိပဲ သူများဘဝ တွေကို ဆရာကြီးအထာနဲ့ ဝင်ယောင်ပြီး အာမချောင်ကျပါနဲ့။ သတင်းကို ဦးအောင်တင်လိုက်ရမှ။ ကျွန်တော်စိတ်သန့်တာကတော့ ဒီနေ့ ဒီချိန်ထိ ဘယ်သူ့ ဘယ်သူ့ကိုမှ ဒုက္ခမပေးဖူးပါဘူး။ ဒုက္ခတွေ ကိုပဲ ကူညီဖြေရှင်းပေးခဲ့တာပါ" လို့ ရေးသားဖော်ပြထားပါတယ်။

အဆိုတော် ယုန်လေးကို အကြမ်းဖက်လှုံ့ဆော်သူများက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြပြီး ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလှုံ့ဆော်သူများ၏ လှုံ့ဆော်မှုများကြောင့် အကြမ်းဖက်သမားများက ယုန်လေး ၏ ကားကို မီးရှို့ဖျက်ဆီးခဲ့ကြသလို အစဉ်သဖြင့် ပစ်မှတ်ထား ခံနေရသူတစ်ဦး ဖြစ်ပါတယ်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)