ပျဉ်းမနားမြို့နယ်၌ နွေရာသီအင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းများ ဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပျဉ်းမနားမြို့နယ်၌ နွေရာသီအင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းများ ဖွင့်လှစ်သင်ကြား



MNP ၊  ဧပြီ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်တွင် နွေရာသီ ကျောင်းပိတ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် အကျိုးရှိစေမည့် နွေရာသီအင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က-၁ ပျဉ်းမနား၌ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။


“ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချ နိုင်စေရေး၊ နွေရာသီတွင် လူငယ်၊ လူရွယ်များ ပြင်ပဗဟုသုတ ရှာမှီးနိုင်ရန်အတွက် ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း” အ.ထ.က-၁ ပျဉ်းမနားမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယုယုကြည် ထံမှ သိရသည်။


အဆိုပါသင်တန်းသို့ ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၇၅ ဦး တက်ရောက်ကြပြီး သင်တန်း ကာလကို ဧပြီလ ၂၄ ရက်နေ့မှ မေလ ၁၃ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်းသိရသည်။


မျိုးသီဟ 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)