မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးပထမအကြိမ်၊ဒုတိယအကြိမ်နှင့်ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအားဆက်လက်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးပထမအကြိမ်၊ဒုတိယအကြိမ်နှင့်ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအားဆက်လက်ထိုးနှံပေးလျက်ရှိ




MNP ၊  ဧပြီ ၂၄

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်၊ဒုတိယအကြိမ်နှင့်ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေးထိုးနှံခြင်းကို  ယနေ့ နံနက်၁၁နာရီက  မြို့နယ်ပြည်သူ့ဆေးရုံ(ဟောင်း)ခန်း မတွင်ကျန်းမာရေးဌာန ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။ 


        ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် လာရောက် သည့်  ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများအား ကျန်းမာရေးဌာနမှ တာဝန်ကျ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း များကို စနစ်တကျဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကိုထိုးနှံပေးလျက်ရှိသည်။


      ယခုအခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ရောဂါပိုးအိုမီခရွန်မျိုးကွဲသစ်(XBB.1.16)သည်အာရှနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံများတွင်ပျံ့နှံ့လျက်ရှိကြောင်း၊လာမည့်သီတင်းပတ်များအတွင်းကူးစက်မှုပိုမိုများပြားလာနိုင်ကြောင်း၊ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ထိုးနှံကြရန်လိုကြောင်း အသိပေးနှိုးဆော်ထားကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)