MNP ၊ ဧပြီ ၂၅
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ဒေသထွက် ဒူးရင်းသီးနှင့် မင်းဂွတ်သီး စျေးကောင်း ရရှိလျှက်ရှိကြောင်း ဥယျာဥ်ခြံလုပ် ကိုင်သူများ ပြောပြချက်အရ သိရသည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ အရှေ့တောင်ပေါ်ဒေသ ဥယျာဥ်ခြံထွက် ဒူးရင်းသီးနှင့် မင်းဂွတ်သီး တုံးကြီးကျေးရွာအုပ်စု သံဘိုကျေး ရွာရှိ ဥယျာဥ်ခြံထွက် ဒူးရင်းသီးနှင့် မင်းဂွတ်သီး စားသုံးသူများ စျေးကွက်တွင် စျေးကောင်းရရှိလျှက်ရှိကြောင်း၊ ယခုကာလတွင် သံဘိုကျေးရွာရှိ ဥယျာဥ်ခြံများမှ ဒူးရင်းသီးနှင့်မင်းဂွတ်သီးများ စတင်ထွက်ရှိလျှက်ရှိပြီး စျေးကွက်ဝင် ဒူးရင်းသီး (၁) လုံးလျှင် (၁၅၀၀၀) ကျပ်၊ စျေးကွက်ဝင် မင်းဂွတ်သီး (၁) လုံးလျှင် (၅၀၀) ကျပ် ရရှိကြောင်း၊ ယခင်ကဆိုရင် ကျောက်ကြီး ဒူးရင်းသီးနှင့် မင်းဂွတ်သီးများအား ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ငူမြို့များသို့ တင်ပို့ရောင်းချလျှက်ရှိကာ ရောင်းအားကောင်းကြောင်း၊ ကျောက်ကြီး ဒူးရင်းသီးမှ အနံ့အရသာနှင့် ပြည့်စုံခြင်း၊ အလုံးလှခြင်းကြောင့် လူကြိုက်များလျှက်ရှိကြောင်း၊ ယခုအခါ နယ်မြေဒေသ အခြေအနေနှင့် လမ်းပန်းအခက်အခဲများကြောင့် ဝယ်လိုအားကျဆင်းသွားမည်ကို ဒေသခံ ဥယျာဥ်ခြံလုပ်ကိုင်းသူများ စိုးရိမ်လျှက် ရှိကြောင်း ဒူးရင်းသီးနှင့် မင်းဂွတ်သီး ဥယျာဥ်ခြံ လုပ်ကိုင်သူများ ပြောကြားချက်အရ သိရသည်။
ကျောက်ကြီးမြို့နယ်တွင် ဒူးရင်းသီးနှင့် မင်းဂွတ်သီး ဥယျာဥ်ခြံများအား ကျောက်ကြီးမြို့ အရှေ့တောင်ပေါ်ဒေသ၊ သံဘိုကျေးရွာ၊ စပ်လဲကျေးရွာနှင့် မုန်းဒေသတို့တွင်ရှိပြီး ဥယျာဥ်ခြံများမှ ထွက်ရှိသည့် ဒူးရင်းသီး၊ မင်းဂွတ်သီး၊ ကြက်မောက်သီး၊ ဒညင်းသီး၊ ရှောက်ပန်းသီးနှင့် ကနစိုသီးများထွက်ရှိပြီး အနီးပတ်ဝန်းကျင်မြို့နယ်များနှင့် မြို့ကြီးများသို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း ဒူးရင်းသီးနှင့် မင်းဂွတ်သီး အဝယ်ဒိုင်များ၏ ပြောကြားချက်အရ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment