ချောက်မြို့၌ မြို့နယ်ပညာ​ရေးဌာနနှင့် မြို့နယ်ကြက်​ခြေနီအသင်းတို့ ပူး​ပေါင်းဖွင့်လှစ်​သော အ​ခြေခံ​ရှေးဦးပြုစုခြင်းသင်တန်းဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောက်မြို့၌ မြို့နယ်ပညာ​ရေးဌာနနှင့် မြို့နယ်ကြက်​ခြေနီအသင်းတို့ ပူး​ပေါင်းဖွင့်လှစ်​သော အ​ခြေခံ​ရှေးဦးပြုစုခြင်းသင်တန်းဖွင့်ပွဲ ကျင်းပ



MNP ၊  ဧပြီ ၂၄

မ​ကွေးတိုင်း​ဒေသကြီး​၊ ချောက်ခရိုင်၊​ ချောက်မြို့တွင် မြို့နယ်ပညာ​ရေးဌာနနှင့် မြို့နယ်ကြက်​ခြေနီအသင်းတို့ ပူး​ပေါင်း၍ နွေရာသီ​ကျောင်းပိတ်ရက်ကာလ ​​"အ​ခြေခံရှေးဦးပြုစုခြင်းသင်တန်းဖွင့်ပွဲ"ကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ ခရိုင်ပညာရေးမှူး ဦးမန်းအောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်လေးဖြုနှင့် ဌာနဆိုင်ရာများ၊ ယင်းကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။


​​ရှေးဦးစွာ ခရိုင်ပညာ​ရေးမှူး ဦးမန်းအောင်က အဖွင့်အမှာစကား ​​​ပြောကြား​ပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တပ်ခွဲမှူး ဦးသန်းဝင်းက ကြက်​ခြေနီသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း​ပြောကြားခဲ့သည်။


သင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာများ၊ ရှေးဦးပြုစုခြင်း အခြေခံသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ အပူလောင်ခြင်းပြုစုနည်း၊ ဆို့နင့်ခြင်းနှင့် ပြုစုနည်း၊ သွေးယိုစီးခြင်းနှင့် ပြုစုနည်း၊ ထိတ်လန့်တုန်လှုပ်ခြင်းနှင့် ပြုစုနည်း၊ အဆိပ်သင့်ခြင်းနှင့် ပြုစုနည်း၊ အရိုးကျိုးခြင်းနှင့် ကြွက်သားများ ထိခိုက်ဒဏ်ရာပြုစုနည်း၊ အရိုးအဆစ်ထိခိုက်ဒဏ်ရာနှင့် (Rice)စည်းနည်း၊ အသက်ရှုပိတ်မေ့မြောခြင်းနှင့် သတိလစ်မေ့မြောခြင်း၊ မြွေကိုက်ခြင်းနှင့် သတ္တဝါများကိုက်ခြင်း၊ တုတ်ခြင်း၊ ဦးခေါင်းဒဏ်ရာပြုစုနည်း၊ ဒဏ်ရာအမျိုးမျိုးနှင့် ပြုစုနည်း၊ စိတ်ဖိစီးခြင်းနှင့် ဖြေလျော့နည်း၊ အခြေခံအသက်ရှုအထောက်အကူပြုနည်း၊ ပတ်တီးစည်းနည်းများနှင့် လူနာသယ်ဆောင်နည်း ဘာသာရပ်များကို သင်တန်းနည်းပြဆရာ၊ ဆရာမ ၅ ဦးမှ နေ့စဉ်နံနက် ၈ နာရီ မှ ၁၂ နာရီအထိ သင်ကြားပို့ချ သွားမည်ဖြစ်သည်။


သင်တန်းကို​ ဧပြီ ၂၄ ရက်​နေ့ မှ ​ဧပြီ ၂၈  ရက်​နေ့အထိ (၅)ရက်တာ ဖွင့်လှစ်သင်​ကြား​ပေးသွားမည်ဖြစ်ပြီး သင်တန်းတွင် သင်တန်းသား ၂၀ ဦး၊ သင်တန်းသူ ၂၀ ဦး စုစု​ပေါင်း ၄၀ ဦးတက်​ရောက်ခဲ့​ကြောင်း သိရသည်။


ကျော်မိုး

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)