MNP ၊ ဧပြီ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များသို့ စာဖတ်ရှိန်မြှင့်တင်နိုင်ရေး အတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၉ နာရီက မီးသတ်ဦးစီးဌာနသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနရှိ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများအား ယခင် ငှားရမ်းပေးထားသော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး ယခုအပတ်တွင် သုတ၊ ရသ စာအုပ်များကို ထပ်မံပြန်လည်ငှားရမ်းပေးခဲ့သည်။ ထိုသို့ငှားရမ်းပေးရခြင်းမှာ စာပေ တန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို သိရှိစေရန် ရည်ရွယ်၍ သွားရောက် ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။
စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် ငှားရမ်းပေးခြင်းကို သီပေါ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများမှ အပတ်စဉ် ဌာနဆိုင်ရာ ရုံးများနှင့် ရပ်ကွက်များသို့ အလှည့်ကျသွားရောက်ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး
https://t.me/MyanmarNationalPost
No comments:
Post a Comment