ကျိန္တလီမြိုဲ၌အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြိုဲ၌အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ




MNP ၊  ဧပြီ ၂၆

ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ကျိန္တလီမြို့တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကိုယမန်နေ့နံနက်(၉)နာရီမှညနေ(၄)နာရီအချိန်ထိ ပြည်သူ့ဆေးရုံတွင် ဆေးထိုးအုပ်စုအလိုက် ကျန်းမာရေးဝန်ထမ်းများကကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည်။


ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ရောက်ရှိလာသူ များအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်းခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးပြီး ဒုတိယအကြိမ်နှင့် တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော အသက်(၁၈)နှစ် အထက်ပြည်သူ(၂၂)ဦးနှင့် စတုတ္ထအကြိမ်မြောက်ထိုးနှံသူ(၉၉)ဦး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသော နိုင်ငံ့ဝန်ထမ်းများ စတုတ္ထအကြိမ်မြောက် (၁)ဦး စုစုပေါင်း(၁၂၂)ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်းသိရသည်။


ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)