ရခိုင်ပြည်နယ် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသ၌ သျှစ်သောင်းဘုရားပွဲကျင်းပရခြင်း ၊ ရခိုင့်ရိုးရာ ကျင်ဖြစ်ပေါ်လာပုံ နှင့် ရခိုင့်ရိုးရာ ပြိုင်လောင်း (လှေလှော်) ပြိုင်ပွဲဖြစ်ပေါ်လာပုံ အကြောင်း တွေ့ဆုံ မေးမြန်းခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသ၌ သျှစ်သောင်းဘုရားပွဲကျင်းပရခြင်း ၊ ရခိုင့်ရိုးရာ ကျင်ဖြစ်ပေါ်လာပုံ နှင့် ရခိုင့်ရိုးရာ ပြိုင်လောင်း (လှေလှော်) ပြိုင်ပွဲဖြစ်ပေါ်လာပုံ အကြောင်း တွေ့ဆုံ မေးမြန်းခြင်း



သျှစ်သောင်းဘုရားပွဲကျင်းပရခြင်း

MNP ၊  ဧပြီ ၂၅

တွေ့ဆုံမေးမြန်းခြင်း


မေး။ ဆရာရဲ့ နာမည်နဲ့ ဆရာကဒီမှာဘာတာဝန်ယူထားသလဲဆိုတာသိပါရစေရှင့်။

ဖြေ။ ကျွန်တော်ရဲ့ နာမည် ကဦးစောရွှေမောင်ပါ၊ သျှစ်သောင်းဘုရားဂေါပက ဥက္ကဌဖြစ်ပါတယ်။


မေး။ သျှစ်သောင်းဘုရား ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းကို ပြောကြားပေးပါရှင့်။

ဖြေ။ သျှစ်သောင်းဘုရားပွဲတော်ကို အခုဆိုရင် (၉၅) ကြိမ်မြောက်     သျှစ်သောင်း၊ထုက္ကန်၊အံတော်သိမ်၊

လေး မျက်နှာ ဘုရားများ၏ ဗုဒ္ဓပူဇနိယပွဲတော်ကို မေလ (၂) ရက်နေ့ မှ မေ(၆) ရက်နေ့အထိ (၅) ရက်တိုင်တိုင်ကျင်းပသွားမှာဖြစ်ပါတယ်။သျှစ်သောင်းဘုရားပြွတော်တွင်ပျော်ပွဲရှင်ပွဲတွေအနေနဲ့ရခိုင့်ရိုးရာ ပြိုင်လောင်း(လှေလှော်) ပြိုင်ပွဲ ၊ ရခိုင်ရိုးရာကျင်ပွဲ ၊ ဘောလုံးပွဲ ၊ ဇာတ်ပွဲများ၊ ငါးရှင်လွှတ်ပွဲ၊ ပဌာန်းရွှတ်ပူဇော်ပွဲ၊ရှင်ဥပဂုတ္ထပင့်ပြီးတော စည်စည်ကား ကားကျင်းပသွားမှာဖြစ်ပါတယ်။ နောက် တော့ သျှစ်သောင်းဘုရားပွဲတော်ကို ဟိုးရှေးရှေးတုန်းက မင်းဗာဘုရင်ကြီးက စပြီးတော့ သက္ကရာဇ် ၈၉၇ ခုနှစ်တွင် ရန်အောင်ဇေယျ(ခေါ်)သျှစ်သောင်းပုထိုးတော်ကြီးကို တည်ခဲ့ပါတယ်။ ရန်အောင်ဇေ ယျ(ခေါ်)သျှစ်သောင်းပုထိုးတော်ကြီးကို နာမည်ပေးပြီး တည်လာရတယ်ဆိုတာ ရခိုင်ဘုရင် မင်းဗာဘုရင်ဟာ ဘင်္ဂါ(၁၂)မြို့ကို  တိုက်ပြီးအောင်မြင်လာတော့  ရန်အပေါင်းကို အောင်မြင် တဲ့အနေ ဖြင့် ရန် အောင်ဇေယျ(ခေါ်)သျှစ်သောင်းပုထိုးတော်ကြီး ဆိုပြီးတော့ခေါ်တာဖြစ်ပါတယ်။ သျှစ်သောင်းပု ထိုးတော်ကြီးလို့ ခေါ်ရခြင်းသည် ဘုရင်ကြီးသည် ဗုဒ္ဓဂါယာသို့ သွားရောက်ကာ ကောင်းမှုကုသိုလ် ပြုလုပ်၍ ဗုဒ္ဓသီရိပါဒခြေတော်ရာ နှင့် ဌာပနာဓာတ်တော်တို့ကို ပင့်ဆောင်လာပြီး ရှင်ငယ်ဆရာ ဦးမြဝါ ပန္နက်ချပေး၍ ဓာတ်တော်တို့ကို  ဌာပနာပေါင်း ရှစ် သောင်း ကျော်ထည့်ကာ တည်ထား ကိုး ကွယ်ခဲ့သောကြောင့်  သျှစ်သောင်းပုထိုးတော်ကြီး ဟုခေါ်တွင်ခဲ့ခြင်း ဖြစ်ပါတယ်။


မေး။ သျှစ်သောင်းဘုရားပွဲတော် မကျင်းပခဲ့သည်မှာ ဘယ်လောက်ကြာပြီလဲဆိုတာ သိချင်ပါတယ် ။ ဘာကြောင့် မကျင်းပနိုင်တာလဲဆိုတာ ကိုပြောကြားပေးပါရှင့်။

ဖြေ။ သျှစ်သောင်းဘုရားပွဲမကျင်းနိုင်တာ နယ်မြေဒေသမတည်ငြိမ်တာကတစ်မျိုး၊ ကိုဗစ်ကပ်ရောဂါ ဖြစ် သွားတော့ သုံးနှစ်နီးပါးလောက်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ခုတော့ မနှစ်ကနေ စည်စည်ကားကား ကျင်းပနိုင်ခဲ့ပြီး ဒီနှစ်လည်း အယင်နှစ်ထက် စည်စည်ကားကားကျင်းပသွားမှာဖြစ်ပါတယ်။ အားလုံး ကို ကျေးဇူးတင်ပါတယ်။


အခုလိုမျိုးအချိန်ပေးပြီးစိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါ တယ်ရှင့်။


မေးမြန်းသူ - ခိုင်စန္ဒာထွန်း

ဓါတ်ပုံ - မြင့်စိုး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)