ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး စတုတ္ထအကြိမ်နှင့်ပဉ္စမအကြိမ် ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး စတုတ္ထအကြိမ်နှင့်ပဉ္စမအကြိမ် ထိုးနှံပေးလျက်ရှိ



MNP ၊  ဧပြီ ၂၆

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌  အသက်(၁၈)နှစ်နှင့်အထက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ်ထိုးနှံခြင်းကို  ယနေ့ နံနက်(၁၀)နာရီက  မြို့ပေါ်ရှိဗုဒ္ဓသာသနာ့ဓမ္မဗိမာန်တော်နှင့် မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်နေရာများ၌ ထိုးနှံပေးလျက်ရှိသည်။ 


        ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်လာရောက် သည့်  သူများအား ကျန်းမာရေးဌာနမှ တာဝန်ကျဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်းများကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများကို တတိယအကြိမ်ထိုးနှံပြီးသူများအား စတုတ္ထအကြိမ်အဖြစ်လည်းကောင်း၊ စတုတ္ထအကြိမ်ထိုးနှံပြီးသူများအား ပဉ္စမအကြိမ်အဖြစ်လည်းကောင်း ထိုးနှံပေးကြသည်။


  အဆိုပါ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဧပြီလ(၂၇)ရက်နေ့အထိ ဗုဒ္ဓသာသနာ့ဓမ္မဗိမာန်တော်နှင့် မြို့နယ်အတွင်းဆေးထိုးစုရပ်များ၌ နံနက် ၁၀နာရီမှ ညနေ ၃ နာရီထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)