MNP ၊ ဧပြီ ၂၅
ပျော်ဘွယ်မြို့နယ်တွင် ဧပြီလ(၂၄)ရက်၊ ည(၉)နာရီအချိန်ခန့်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာအချို့တို့၌ နေအိမ်အချို့ အမိုးလန်ပျက်စီးခြင်း၊ သစ်ပင်များ ပြိုလဲခြင်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မိုးရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခိုက်မှုကြောင့် မြို့ပေါ်ရပ်ကွက်များတွင် သစ်ပင်များပြိုလဲခြင်းနှင့် သစ်ကိုင်းများ ကျိုးကျခြင်း၊ အချို့နေရာများတွင် ကြော်ငြာဆိုင်းဘုတ်များ လေလန်ပျက်စီးခြင်း၊ အင်တာနက်လိုင်းကြိုးများနှင့် လျှပ်စစ်ဓာတ်အားကြိုးများပျက်ကျခြင်းတို့အပြင် နေအိမ်အချို့ အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ကျေးရွာအချို့ဖြစ်သည့် ဆည်ရွာကျေးရွာ၊ ဥသျှစ်ကုန်းကျေးရွာ၊ တဲကြီးကုန်းကျေးရွာ၊ ဂွေးပင်ချောင်းကျေးရွာတို့တွင်လည်း နေအိမ်အချို့ အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြသည်။
အဆိုပါဖြစ်စဉ်ကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းမင်းထွေး
https://t.me/MyanmarNationalPost
No comments:
Post a Comment