ကျိန္တလီမြို့၌ အသက်(၁၈)နှစ်အထက်ပြည်သူများအား ဆေးထိုးအုပ်စုအလိုက်ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌ အသက်(၁၈)နှစ်အထက်ပြည်သူများအား ဆေးထိုးအုပ်စုအလိုက်ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ




MNP ၊  ဧပြီ ၂၄          

    ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီမှ ညနေ(၄)နာရီအချိန်ထိ ပြည်သူ့ဆေးရုံတွင် ဆေးထိုးအုပ်စုအလိုက် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိသည်။


    ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်​ဆေးထိုးနှံရန်ရောက်ရှိလာသူများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်းခြင်းများကို စနစ်တကျဆောင်ရွက်ပေးပြီး ဒုတိယအကြိမ်နှင့် တတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသော အသက်(၁၈)နှစ်အထက်ပြည်သူ(၂၂)ဦးနှင့် စတုတ္ထအကြိမ်မြောက်ထိုးနှံသူ(၄၄)ဦး၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသော နိုင်ငံ့ဝန်ထန်းများ တတိယအကြိမ်မြောက် (၂)ဦး၊ စတုတ္ထအကြိမ်မြောက်(၉)ဦးနှင့် ပဉ္စမအကြိမ်မြောက် ထိုးနှံသူ(၁)ဦး စုစုပေါင်း (၇၈)ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်းသိရသည်။


ဇော်လင်း

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)