ဖျာပုံမြို့နယ် ကျုံတာကျေးရွာတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၄) စစ်မြေပြင် ဆေးတပ်ရင်း၊ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့နယ် ကျုံတာကျေးရွာတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၄) စစ်မြေပြင် ဆေးတပ်ရင်း၊ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေး



MNP ၊  ဧပြီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျုံတာကျေးရွာတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ အမှတ်(၄) စစ်မြေပြင်ဆေးတပ်ရင်း၊ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ကွင်းဆင်းဆေးကုသမှုပေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က အဆိုပါကျေးရွာ ပုဗ္ဗာရုံ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သည်။



ထိုသို့ ကျုံတာကျေးရွာတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၄) စစ်မြေပြင် ဆေးတပ်ရင်း၊ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူ/ဆရာဝန်ကြီးများမှ ဖျာပုံမြို့နယ်အတွင်းရှိ ရဟန်းရှင်၊ လူ၊ ပြည်သူများအား အခမဲ့ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အခမဲ့ ဆေးကုသပေးခြင်းများ ဆောင်ရွက်မှုအား အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှုး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများမှ ကြည့်ရှုအားပေးဆောင်ရွက်ကြပြီး အဆိုပါ ဆေးကုမှု ဆောင်ရွက်ရာသို့ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဒုတိယဗိုလ်မှူးကြီးနိုင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ထားမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်-၁ ဗိုလ်မှူးငွေမင်းထိုက်နှင့် အဖွဲ့ဝင်များ၊ ဖျာပုံခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ ပူပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး ဖျာပုံမြို့နယ်နှင့် ကျိုက်လတ်မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှရဟန်းရှင်၊ လူ၊ ပြည်သူစုစုပေါင်း (၄၂၀)ဦးခန့်အခမဲ့ ဆေးကုသပေးခြင်းနှင့် အခမဲ့ ကျန်းမာရေး စစ်းဆေးပေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။


အောင်ဝင်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)