ပုဏ္ဏားကျွန်းမြို့(မြို့မဈေး)၌ စားသုံးကုန်ပစ္စည်းအရောင်းဆိုင်များနှင့်ဆေးဝါးပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့(မြို့မဈေး)၌ စားသုံးကုန်ပစ္စည်းအရောင်းဆိုင်များနှင့်ဆေးဝါးပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး




MNP ၊  ဧပြီ ၂၅

    ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ (မြို့မဈေး)၌ စားသုံးကုန်ပစ္စည်းအရောင်းဆိုင်များနှင့် ဆေးဆိုင်များအား FDA မှထုတ်ပြန်ထားသည့် စားသုံးရန်မသင့်သည့်ပစ္စည်းများ သိုလှောင် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့၊ ညနေ(၃)နာရီက ပုဏ္ဏားကျွန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။


    ထိုသို့စစ်ဆေးရာတွင် ပုဏ္ဏားကျွန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှမောင်အေးက စားသုံးသူများ လုံခြုံစိတ်ချမှုရှိစေရေးအတွက် ထုတ်လုပ်မှုကုန်စည် အမျိုး အစားအလိုက် ဥပဒေပြဌာန်းချက်များနှင့် FDA မှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများ

ကို ဆေးဝါးပစ္စည်းအရောင်းဆိုင်များနှင့်စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်များအား ချပြဆွေးနွေးပြောကြားခဲ့သည်။


    ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်စားသုံးသူရေးရာ ဦးစီးဌာနမှတာဝန်ရှိသူတို့က မြို့မဈေးကြီးအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသုံးကုန် ပစ္စည်းအရောင်းဆိုင်များနှင့်ဆေးဝါးပစ္စည်းများ အရောင်းဆိုင်တို့အား FDA မှ ထုတ်ပြန်ထားသည့် တရားမဝင်ကုန်စည်များ သိုလှောင်ရောင်းချခြင်း ရှိ/မရှိ တို့ကို လှည့်လည်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)