မာန်အောင်မြို့နယ်၌ အသက်(၁၈)နှစ်အထက်နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်၌ အသက်(၁၈)နှစ်အထက်နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ





MNP ၊  ဧပြီ ၂၅

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက်နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခြင်းကို  ယနေ့ နံနက်၁၀နာရီမှညနေ၃နာရီထိ မြို့နယ်ပြည်သူ့ဆေးရုံ(ဟောင်း)ခန်းမ၌ ကျန်းမာရေးဝန်ထမ်းများ က ထိုးနှံပေးလျက်ရှိသည်။ 


        ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန်လာရောက်ကြသည့်  နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား ကျန်းမာရေးဌာနမှ တာဝန်ကျ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း များကို စနစ်တကျဆောင်ရွက်ပေးပြီး ဒုတိယအကြိမ်ထိုးနှံပြီးသူများအား တတိယအကြိမ်အဖြစ်လည်းကောင်း၊တတိယအကြိမ်ထိုးနှံ ပြီးသူများအားစတုတ္ထအကြိမ်အဖြစ်လည်းကောင်း၊စတုတ္ထအကြိမ်ထိုးနှံပြီးသူများအားပဉ္စမအကြိမ်အဖြစ်လည်းကောင်း၊ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးလျက်ရှိသည်။


   မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့က တတိယအကြိမ်အဖြစ် လာရောက် ထိုးနှံလာသူ(၁၆)ဦး၊စတုတ္ထအကြိမ်အဖြစ်ထိုးနှံလာသူ(၂၄)ဦးနှင့်ပဉ္စမအကြိမ်အဖြစ် ထိုးနှံလာသူ(၁၃၀)ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)