၂၀၂၂-၂၀၂၃ ပညာသင်နှစ် ရခိုင်ပြည်နယ် လူရည်ချွန်မောင်မယ်များကို ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တွေ့ဆုံအမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ရခိုင်ပြည်နယ် လူရည်ချွန်မောင်မယ်များကို ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တွေ့ဆုံအမှာစကားပြောကြား



MNP ၊  ဧပြီ ၂၄

၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်စခန်းအသီးသီးသို့ သွားရောက်မည့် ရခိုင်ပြည်နယ်  လူရည်ချွန်မောင်မယ်များအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က တွေ့ဆုံအမှာစကားပြောကြားခြင်း၊ ကြီးကြပ်ဆရာ/ဆရာမများနှင့် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်ကိုဂုဏ်ဆောင် အနာဂတ်ကိုပိုင်စိုးမည့် နိုင်ငံ့ရတနာလူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်ဆရာ /ဆရာများအနေဖြင့် အပန်းဖြေခရီးစဉ်တစ်လျှောက် ကျန်းမာပျော်ရွှင်စွာ ဗဟုသုတရှာမှီးနိုင်ကြပြီး နိုင်ငံတစ်ဝှမ်းလုံးမှ လူရည်ချွန် မောင်မယ်များနှင့် ချစ်ခင်ရင်းနှီးကျွမ်းဝင်လျက် အသိပညာဗဟုသုတ ရိုးရာဓလေ့ထုံးတမ်းများ နှီးနှောဖလှယ်ဆွေးနွေးနိုင်ကြဖို့၊ မိမိဒေသသို့ ပြန်လည်ရောက်အချိန်မှာ လူရည်ချွန်အပန်းဖြေ စခန်းအသီးသီးက ရရှိလာသည့် အတွေ့အကြုံဗဟုသုတကောင်းများကို ပြန်လည်ဝေငှပေးကြဖို့နှင့် အနာဂတ်မှာ နိုင်ငံကအားကိုရမည့် သားကောင်းရတနာ၊ သမီးကောင်းရတနာ လူတော်လူချွန်းများ ဖြစ်နိုင်ကြပါစေကြောင်း ပြောကြားသည်။ထို့နောက်  ကြီးကြပ်သူဆရာ/ဆရာမများနှင့် လူရည်ချွန်မောင်မယ်များက တစ်ဦးချင်းအလိုက် မိတ်ဆက်စကားပြောကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကြီးကြပ်ဆရာ/ဆရာမများနှင့် လူရည်ချွန် မောင်မယ်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။


ဆက်လက်ပြီး လူရည်ချွန်မောင်မယ်များကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ရခိုပြည်နယ် (၁၉၆၄-၁၉၈၈) လူရည်ချွန်အဖွဲ့ခွဲမှ ၂၀၂၂-၂၀၂၃ ခုနှစ်လူရည်ချွန် မောင်မယ်များအား ဂုဏ်ပြုလက်ဆောင်များချီးမြှင့် ပေးအပ်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများများက ကြီးကြပ်ဆရာ/ဆရာမများနှင့် လူရည်ချွန်မောင်မယ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးစကားပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကြောင်း သိရသည်။


ဝင်းမင်းစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)