ကျိုက်ထို မြို့နယ်၌ မြစိမ်းရောင် စီမံကိန်း နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများသုံးသပ်ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထို မြို့နယ်၌ မြစိမ်းရောင် စီမံကိန်း နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများသုံးသပ်ဆွေးနွေး





MNP ၊  ဧပြီ ၂၆

     မွန်ပြည်နယ် ၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထို မြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဧပြီ ၂၆ ရက် နေ့လည် ၁၂ နာရီခွဲတွင် မြစိမ်းရောင် စီမံကိန်း‌ကျေးရွာဖွံ့တိုးတက်ရေးလုပ်ငန်းသုံးသပ်ဆွေးနွေးပွဲကိုပြုလုပ်ခဲ့သည်။


     ဆွေးနွေးပွဲတွင်ကျိုက်ထိုမြိုနယ် မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖြိုးဝင့်ကို မှအဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးမြတ်သူနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြိုနယ်ဦးစီးမှူး ဒေါ်ခင်ဇော်လတ် တို့ မှ မြစိမ်းရောင်စီမံကိန်းတွင်ပါဝင်သည့်ကျေးရွာ(၂၀)တို့၏ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအားသုံးသပ်ဆွေးနွေးပြောကြားခဲ့သည်။


      ယင်းနောက်တက်ရောက်လာသည့်မြစိမ်းရောင်စီမံကိန်းကျေးရွာမှ တာဝန်ခံများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးဆောင် ရွက်ချက်များအားပြန်လည်ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။


ဝင်းမောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)