လေဘေးသင့်၍ ဆေးရုံတက်ကုသမှုခံယူသူများအနက် ထိခိုက်လွယ်အုပ်စုဝင်များကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ကူညီထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေဘေးသင့်၍ ဆေးရုံတက်ကုသမှုခံယူသူများအနက် ထိခိုက်လွယ်အုပ်စုဝင်များကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ကူညီထောက်ပံ့














MNP ၊ ဧပြီ ၂၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် လယ်ဝေးမြို့နယ် တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာများမှ လေဘေးသင့် ပြည်သူများအား သွားရောက်တွေ့ဆုံသည်။


ထိုသို့ တွေ့ဆုံစဉ် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံ တက်ရောက် ကုသမှုခံယူနေသူများအနက် ထိခိုက် လွယ်အုပ်စုဝင်များဖြစ်သည့် ကိုယ်ဝန်ဆောင်များ၊ အသက် ၇၀ နှစ်နှင့်အထက် ဘိုးဘွားများနှင့် အသက် ငါးနှစ်နှင့်အောက် ကလေးသူငယ်များအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ အလှူငွေများ ထောက်ပံ့ ပေးအပ်ရာ တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ၁၄ ဦးအတွက် ထောက်ပံ့ကြေးငွေများကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ထောက်ပံ့ ပေးအပ်ပြီး ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများက လက်ခံကြသည်။


အဆိုပါ လေဘေးသင့်ခဲ့ရသည့် တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာများမှ ထိခိုက် လွယ်အုပ်စုဝင်များဖြစ်သည့် ကိုယ်ဝန်ဆောင်များ၊ အသက် ၇၀ နှင့်အထက် ဘိုးဘွားများ၊ အသက် ငါးနှစ်နှင့်အောက် ကလေးသူငယ်များနှင့် မသန်စွမ်းသူများကို စာရင်းကောက်ယူ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထပ်မံထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)