ရွှေတောင်မြို့၌ စိုက်ပျိုးမွေးမြူရေးအထက်ကျောင်းဆောက်လုပ်ပြီးစီးမှု အခြေအနေအားကွင်းဆင်း ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့၌ စိုက်ပျိုးမွေးမြူရေးအထက်ကျောင်းဆောက်လုပ်ပြီးစီးမှု အခြေအနေအားကွင်းဆင်း ကြည့်ရှုစစ်ဆေး





MNP ၊  ဧပြီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင် မြို့နယ်တွင် ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ ရဲတင့်ထွန်းနှင့်အဖွဲ့သည် ရွှေတောင်မြို့နယ်၊ ကြာနီကန် ရပ်ကွက် ( အထက) ကျောင်းဝန်းအတွင်းရှိ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းဆောက်လုပ်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့သည်။


       အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက လိုက်ပါကွင်းဆင်းခဲ့ပြီးစိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းမှ  စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းဖွင့်လှစ်မည့် အခြေအနေအား ဒေသတွင်းနှင့် အခြားမြို့နယ်မှ ကျောင်းသား / ကျောင်းသူ များ တက်ရောက်နိုင်ရေး ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပေးဆောင်ပေးမည့်အခြေအနေများ၊ လာမည့်ပညာသင်နှစ်တွင် သင်ကြားရေး အစီအစဉ်များအားလမ်းညွှန်မှာကြားပြီးရွှေတောင်မြို့နယ် ကြာနီကန် ရပ်ကွက် ( အထက) ကျောင်းဝန်းအတွင်းရှိ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း ( ၁၀၀) ရာခိုင်နှုန်းဆောက်လုပ်ပြီးစီးမှုအခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)