ဖြူး-အုတ်ဖြတ်-မုန်းလမ်းမပေါ်ရှိ ကတ္တရာလမ်းနှင့် သံကူကွန်ကရစ်တံတားတိုးချဲ့ခြင်း လုပ်ငန်းရာနှုန်းပြည့် ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖြူး-အုတ်ဖြတ်-မုန်းလမ်းမပေါ်ရှိ ကတ္တရာလမ်းနှင့် သံကူကွန်ကရစ်တံတားတိုးချဲ့ခြင်း လုပ်ငန်းရာနှုန်းပြည့် ပြီးစီး


MNP ၊  ဧပြီ ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်လမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်းဖြင့် ဆောင်ရွက်သော ဖြူး-အုတ်ဖြတ်- မုန်းလမ်းမပေါ်ရှိ မိုင်တိုင် (၁၃/၀)မှ မိုင်တိုင်(၁၃/၃)အတွင်း ကတ္တရာလမ်းနှင့်သံကူကွန်ကရစ်တံတားတိုးချဲ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးသွားသောကြောင့် လမ်းပန်းဆက်သွယ်ရေးအတွက် ပိုမိုအဆင်ပြေလာကြောင်း သိရသည်။


အဆိုပါလမ်းအပိုင်းအား (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်းလုပ်ငန်း ခွင့်ပြုရန်ပုံငွေ(၁၁၁.၀)သန်းဖြင့် လမ်းအရှည်(၂.၅)ဖာလုံ၊ လမ်းအကျယ်(၁၈)ပေရှိ ကတ္တရာလမ်းချဲ့ခြင်းနှင့် အဆိုပါလမ်းအပိုင်းတွင် အရှည်(၂၀)ပေရှိ  သံကူကွန်ကရစ်တံတားအား တစ်ဖက်လျှင်(၁၀)ပေစီ တိုးချဲ့တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဧပြီလပထမအပတ်အတွင်း ပြီးစီးခဲ့ကြောင်း ဖြူးမြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။


နေမျိုးလွင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)