မန္တလေးတိုင်းဒေသကြီးမှ ပင့်ဖိတ်ထားသော ဆရာတော်ကြီးများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှုများအား လာရောက် လေ့လာဖူးမြော်ကြည်ညို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးမှ ပင့်ဖိတ်ထားသော ဆရာတော်ကြီးများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှုများအား လာရောက် လေ့လာဖူးမြော်ကြည်ညို









MNP ၊ ဧပြီ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓဥယျာဉ်တော် အတွင်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှု အခြေအနေများအား နိုင်ငံတော်ဩဝါဒစရိယ ဆရာတော်ကြီးများဖြစ်ကြသည့် ဘဒ္ဒန္တသုဇနပိယ၊ ဘဒ္ဒန္တသာဂရဘိဝိံသ တို့ဦးဆောင်သော မန္တလေးတိုင်းဒေသကြီးမှ ပင့်ဖိတ်ထားသည့် ဆရာတော်၊ သံဃာတော် စုစုပေါင်း (၁၅၅) ပါးတို့က ယနေ့နံနက်ပိုင်းတွင် လာရောက်လေ့လာ ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ ဆရာတော်၊ သံဃာတော်ကြီးများအား ရှင်းလင်းဆောင်၌ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ထားကိုးကွယ်ရသည့် ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်ရေး စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့် တူးဖော်ခဲ့ရမှုနှင့် ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းတို့မှ အဆင့်ဆင့်   ပင့်ဆောင်ခဲ့ရမှု၊ ဆင်းတုတော်အပိုင်း(၁/၂/၃/၄)တို့အား ထုဆစ်ပုံဖော်ခဲ့မှုနှင့် ပလ္လင် တော်အထက်သို့ ပင့်ဆောင်နိုင်ရန် သံမဏိမျှော်စင် ဝန်ချီစက်တည်ဆောက်ကာ ပင့်ထောင်ခြင်းနှင့် ပင့်ဆောင်နေရာချထားခြင်း လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက် ခဲ့မှု၊ ဗုဒ္ဓဥယျာဉ်တော်ကြီး စိမ်းလန်းစိုပြေ သာယာလှပစေရေးအတွက် သစ်ပင်၊ ပန်းမန်များ စိုက်ပျိုးဆောင်ရွက်နေမှု၊ သာသနိက အဆောက်အဦများ ထည့်သွင်း တည်ဆောက်လျက်ရှိမှုနှင့် အဆင့်ဆင့် တိုးတက်လာမှု အခြေအနေများကို ရှင်းလင်း လျှောက်ထားသည်။

ထို့နောက် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်ကြီးများသည် မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ပလ္လင်တော် တည်ဆောက်ပြီးစီးမှု၊ ဗုဒ္ဓဥယျာဉ် တော်ကြီးအတွင်းရှိ သာသနိကအဆောက်အဦးများ တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက် တည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး၊ တာဝန်ရှိသူများသည် ဆရာတော်၊ သံဃာတော်ကြီးများအား နေ့ဆွမ်းနှင့် အချိုပွဲများ၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်၊ သံဃာတော်ကြီးများထံမှ အနုမောဒနာတရားနာယူခဲ့ကြသည်။

ထို့ပြင် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ဩဝါဒ ခံယူခဲ့ကြ သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန် မောင်မယ်များသည်လည်း မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် ဗုဒ္ဓဥယျာဉ်တော် အတွင်း သာသနိက အဆောက်အဦများ တည်ဆောက်ပြီးစီးမှု အခြေအနေများကို လာရောက်ဖူးမြော်ကြည်ညို လေ့လာခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း ပြသခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)