MNP - ဧပြီ ၂
ဂါလာတာဆာရေးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား နီကိုလို ဇာနီရိုလိုဟာ သူ့ရဲ့ ယူရို ၃၅သန်းတန် စာချုပ်ဖျက်သိမ်းကြေးနဲ့ပတ်သက်ပြီး “ကျွန်တော် တူရကီမှာ ၅နှစ်လောက်နေမယ်ဆိုတာ ကျွန်တော် အာမမခံနိုင်ပါဘူး၊ ဇန်နဝါရီမှာ ရွေးချယ်စရာအဖြစ် ဂါလာနဲ့ ဘုန်းလ်မောက်တို့ ကျွန်တော်မှာရှိခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဇာနီရိုလို အပြောင်းအရွှေ့များနဲ့ပတ်သက်ပြီး “ဖီနာဘာချီကလည်း ကျွန်တော့်ကို အလိုရှိခဲ့ပါတယ် ဒါပေမယ့် ဂါလာတာဆာရေးကို ကျွန်တော်ပြောခဲ့ပါတယ်၊ ဒီကွင်းက အံ့မခန်းပါပဲ” လို့ ထပ်လောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment