MNP ၊ ဧပြီ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းကျေးရွာများ ရွေးချယ်ရေးကော်မတီမှ ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးလွင်မိုးက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ကျေးလက်ဒေသဖွဲ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းအောင်မျိုးထက်က စီမံကိန်းကျေးရွာရွေးချယ်ခြင်းနှင့် အတည်ပြုခြင်းနှင့်ပတ်သက်သည့် သက်မှတ်ထားသော စံနှုန်းများနှင့်ကိုက်ညီသည့် အချက်များကိုလည်းကောင်း၊ နိုင်ငံတော်အကြီးအကဲ၊ ပြည်ထောင်စုဝန်ကြီးရုံး အကြီးအကဲများ၏ ခရီးစဉ်လမ်းညွှန်ချက်များအတိုင်း စနစ်တကျဖြင့် ပွင့်လင်းမြင်သာစွာ ရွေးချယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကျေးရွာ ရွေးချယ်မှုပုံစံများကို အကျယ်တဝန်း ရှင်းလင်းသည်။ ဆက်လက်၍ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များမှ သင့်တော်ပြီး သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ကျေးရွာများကို ညှိနှိုင်းရွေးချယ်ခဲ့ရာ ရွေးချယ်ထားပြီးဖြစ်သော စံပြကျေးရွာတစ်ရွာ၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းဆောင်ရွက်ရန် စီမံကိန်းကျေးရွာ တစ်ရွာနှင့် စီမံကိန်းကျေးရွာများ ရွေးချယ်ရာတွင် အချက်(၅)ချက်ဖြင့် ကိုက်ညီသည့် ကျေးရွာ(၁၀) ရွာနှင့် အရံကျေးရွာ(၅)ရွာတို့ကို ညှိနှိုင်းဆုံးဖြတ်ထားသည့်အတိုင်း မိမိအထက်ဌာနသို့ ဆက်လက်တင်ပြပေးသွားမှာဖြစ်ကြောင်း မိုင်းတုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းအောင်မျိုးထက်ထံမှ သိရှိရသည်။
ဝင်းဝင်းခိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment