ရခိုင်ပြည်နယ် မောင်တောမြို့၌ နှစ်ဆန်းတစ်ရက်နေ့တွင်(၄၅)ကြိမ်မြောက် သက်ကြီးဘိုးဘွား(၁၁၂)ဦးအား ပူဇော်ကန်တော့ပွဲကျင်းပပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရခိုင်ပြည်နယ် မောင်တောမြို့၌ နှစ်ဆန်းတစ်ရက်နေ့တွင်(၄၅)ကြိမ်မြောက် သက်ကြီးဘိုးဘွား(၁၁၂)ဦးအား ပူဇော်ကန်တော့ပွဲကျင်းပပြုလုပ်

1

2

3

4

5


MNP ၊  ဧပြီ ၁၇

ရခိုင်ပြည်နယ် မောင်တောမြို့၌ နှစ်ဆန်းတစ်ရက်နေ့တွင်(၄၅)ကြိမ်မြောက် သက်ကြီးဘိုးဘွားများအား  ပူဇော် ကန်တော့ပွဲကို ယနေ့ နံနက် ၉ နာရီ အချိန် သာသနာ့ဗိမာန်တော်ကြီးတွင် ပြုလုပ်ခဲ့ကြသည်။ 


ရှေးဦးစွာ အခမ်းအနားကို ရခိုင်မင်္ဂလာစည်တော်ယွန်း၍ ဖွင့်လှစ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးက ဂါရဝမင်္ဂလာစကားပြောကြားခဲ့သည်။ ထို့နောက်သက်ကြီးပူဇော်ပွဲကျင်းပရေး ဦးစီးကော်မတီ ဉက္ကဋ္ဌ ဦးဦးခင်မောင်က ဂါဝရစကားနှင့် သက်ကြီးပူဇော်ပွဲကျင်းပခဲ့ပုံ အဆင့်ဆင့်တို့အား ရှင်းလင်းပြောကြားပြီး သက်ကြီး ဘိုးဘွား များ အား  ကန့်တောချိုးရွက်ဆို၍ လက်အုပ်ချီ ကန့်တော့ခဲ့ကြရာ သက်ကြီးဘိုးဘွားများကိုယ်စား  အဘိုးတစ်ဦးမှ ကျေးဇူး တင် စ ကား ပြောကြားကာ ဆုတောင်းမေတ္တာပို့သပေးခဲ့ကြသည်။ 


ဆက်လက်၍ သက်ကြီးဘိုးဘွားများအား လှူဖွယ် ဝတ္တူ များ ဖြင့် ပူဇော်ကန့်တော့ခဲ့ကြပြီး မြို့ပေါ်ရပ်ကွက်များမှ ကောက်ခံရရှိငွေ  ၊ ခရိုင် /မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ လှူဒါန်းငွေ ၊ ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများမှ လှူဒါန်းငွေ နှင့် သက်ကြီး ပူဇော်ပွဲ ကျင်းပရေးဦးစီးကော်မတီတို့မှ ကောက် ခံရရှိငွေ (၇၃၄၃၁၀၀) ကျပ်ကောက်ခံရရှိပြီး  ကော်မတီမှ အဘိုး၊ အဘွားတစ်ဦးလျှင်  လှူဒါန်းငွေ ကန် တော့ ငွေ(၈၀၀၀၀) နှုန်းဖြင့်  သက်ကြီးဘိုးဘွား(၁၁၂)ဦးအတွက် ငွေကျပ်  (၈၉၆၀၀၀၀)ကျပ်အား ပူဇော် ကန့် တော့ခဲ့ကြသည်။ ထို့အပြင် သက်ကြီးပူဇော်ပွဲ အကြိမ်(၅၀)ကြိမ်မြောက်ထိ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခရိုင် စီမံ အုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ  ဦးနေဦး နှင့် ဇနီးဒေါ်ခင်စန္ဒာဝင်းမိသားစုတို့မှ တစ်နှစ်လျှင်  ငွေကျပ်တစ်သိန်း ကျပ်နှုန်းဖြင့်  ၅ နှစ်စာ ငွေကျပ် ငါးသိန်းကျပ်အား သက်ကြီးပူဇော်ပွဲကျင်းပ ရေးဦးစီး ကော်မတီထံသို့ လှူဒါန်းခဲ့ကြ သည်။ အဆိုပါ ပူဇော်ပွဲသို့ အပူဇော်ခံ အဘိုး၊ အဘွား(၆၆)ဦး ၊ ခရိုင် စီမံ အုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ  ဦးနေဦး နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ ဝင်များ ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဉက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်းနှင့် တာဝန်ရှိသူများ  ၊ မြို့သူ/သားများ စုစု ပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး လူမှုရေးအဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးခဲ့ကြ သည်။ 


အဆိုပါ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို တက်ရောက်သည့် ပူဇော်ခံ သက်ကြီး များ အနက် အသက်အကြီးဆုံး အဘိုးမှာ ဦးမောင်ဖြူသီး အသက်(၁၀၁)နှစ် ရွာသာယာကျေးရွာနေသူနှင့် အသက်အကြီးဆုံး အဘွားမှာ  ဒေါ်လှစိန် အသက်(၉၈)နှစ် ၊ မကျည်းကုန်ကျေးရွာနေသူဖြစ်ပြီး အခမ်းအနားသို့  မတက်ရောက်နိုင်သည့် ဘိုးဘွားများအား ကော် မတီမှ တာဝန်ရှိ သူများက အိမ်တိုင်ရာရောက်ကန့်တော့သွားမည်ဖြစ်ကြောင်း သက်ကြီးပူဇော်ပွဲကျင်းပ ရေးဦးစီး ကော်မ တီ ထံမှ သိရသည်။


သက်လွင်စိုး၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages