MNP ၊ ဧပြီ ၂၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တာကော်လေးကျေးရွာအုပ်စု၊ နားလုံကျေးရွာတွင် ဥစားကြက် မွေးမြူထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ယမန်နေ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မက်မန်းမြို့နယ်စီမံအု်ပချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များသည် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူထားသော တာကော်လေး ကျေးရွာအုပ်စု၊ နားလုံကျေးရွာရှိ မွေးမြူသူတောင်သူ ဦးစိုင်းစံခမ်း၏ ဥစားကြက်ခြံအား သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါ ကြက်ခြံတွင် ဥစားကြက်ကောင်ရေ (၃၀၀) စတင် မွေးမြူလျက်ရှိပြီး၊ ကြက်များ အစာကျွေးစနစ် မှန်ကန်ရေးနှင့် ကြက်နှင့် ပတ်သက်သော လိုအပ်သည့် အကူအညီများအား မွေးမြူရေးနှင့်ကုသရေးပညာရှင်များနှင့် ပေါင်းစပ်ညှိနှိုင်း၍ အကြံဉာဏ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ဥစားကြက်မွေးမြူရေးနှင့်ပတ်သက်၍ နည်းပညာနှင့်အကူအညီ ရရှိနိုင်ရေးအတွက် မက်မန်းမြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပညာရှင်များထံ ဆက်သွယ်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုလည်း မှာကြားခဲ့ကြောင်းသိရသည်။
အေးဝင်းစိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment