ပေါင်မြို့နယ်တွင် နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ဒေသနွားမမွေးမြူထားရှိမှုများအားကွင်းဆင်းကြည့်ရှု့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ဒေသနွားမမွေးမြူထားရှိမှုများအားကွင်းဆင်းကြည့်ရှု့





MNP ၊  ဧပြီ ၂၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ဒေသနွားမမွေးမြူထားရှိမှုများအား   ကွင်းဆင်းကြည့်ရှု့ခြင်းကိုယနေ့ နေ့လယ်က အလှပ်ကျေးရွာရှိ ဒေသနွားမများမွေးမြူထားရှိသည့်နေရာများတွင်သွားရောက်ကာ နွားမများမွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှု့ခဲ့ကြောင်းသိရသည်။


ထိုသို့ကြည့်ရှု့ရာတွင် နိုင်ငံ့စီးပွါးရန်ပုံငွေထောက်ပံ့ပေးထားသည့် အလှပ်ကျေးရွာတာဝန်ခံ မွေးမြူရေးနှင်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြာရေးမှူး ဒေါက်တာသက်နိုင် နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု့ခဲ့ပြီး နွားမများ၏ကျန်းမာရေးအပြင် အခြားလိုအပ်ချက်များအားကြည့်ရှု့အားပေးခဲ့ကြသည်။


ပေါင်မြို့နယ်အနေဖြင့်နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် နွားတစ်ကောင်လျှင် ငွေကျပ် (၁၀)သိန်းဖြင့်နွားမကောင်ရေ (၃၀)အတွက် စုစုပေါင်းငွေကျပ် သိန်း( ၃၀၀ ) ကျပ် ထောက်ပံ့ပေးထားကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)