ပေါင်းတည်မြို့၌ ဆည်ရေ ဖြန့်ဝေရရှိမှုလုံလောက်စွာဖြင့် နွေစပါးစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်းတည်မြို့၌ ဆည်ရေ ဖြန့်ဝေရရှိမှုလုံလောက်စွာဖြင့် နွေစပါးစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်


MNP ၊  ဧပြီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နွေစပါးစိုက်တောင်သူများ၏ စိုက်ခင်းများသို့ ဆည်ရေ စဉ်ဆက်မပြတ် ဖြန့်ခွဲပေးဝေလျက်ရှိပြီး စိုက်ပျိုးရေ လုံလောက်စွာဖြင့် နွေစပါးများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။


ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ နွေစပါးစိုက်ပျိုးရာသီအတွက် ဝဲကြီးဆည်မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၁ရက်နေ့မှ စတင်၍ရေပေးဝေနိုင်ခဲ့ကြောင်းနှင့် သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိသူများက နွေစပါးစိုက်ဧကပြည့်မီကျော်လွန်အောင် ဆောင်ရွက်ရာ၌ တောင်သူများနှင့်ပူးပေါင်း၍ အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။


နိုင်ငံ့စီးပွားမြှင့်တင်ရန်အတွက် နွေစပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကို မြန်မာပြည် တစ်ဝှန်းလုံး၌ အစွမ်းကုန်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြရာယခုနှစ်တွင် ပေါင်းတည်မြို့နယ်အနေဖြင့် နွေစပါး ၂၂-၇-၂၁ ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။


အဆိုပါ နွေစပါးစိုက်ပျိုးထုတ်လုပ်မှုအောင်မြင်ရေးအတွက် လိုအပ်သော စိုက်ပျိုးရေကို တာဝန်ရှိသူများက စီမံခန့်ခွဲပေးဝေလျက်ရှိခြင်းကြောင့် စိုက်ခင်းများတွင် ဆည်ရေများ ပြည့်လျှံဖြိုးကာ နွေစပါးပင်များ စိမ်းစိုစွာရှင်သန်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


သူရကြီး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)