မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် နှောင်းတန်ခူးလပြည့်ကျော် ၁၀ ရက်နေ့မှ နှောင်းတန်ခူးလပြည့်ကျော် ၁၂ ရက်နေ့သည် နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်း သည့် မဟာသင်္ကြန်ကာလဖြစ်ပါသည်။ မြန်မာတို့၏ အစဉ်အလာမပျက် ကျင်းပလေ့ရှိသော ၁၂ လရာသီပွဲတော်များတွင် မဟာသင်္ကြန်ပွဲတော်သည် ပြည်သူများအားလုံး အပျော်ရွှင်ဆုံး၊ စိတ်ချမ်းမြေ့ဆုံး၊ အစည်ကားဆုံးပွဲတော် တစ်ခုဖြစ်ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါဘေးပေါ်ပေါက်လာသည့်ကာလမှစ၍ အကြမ်းဖက်ဘေးအန္တရာယ်များကြောင့် ပြည်သူများအနေဖြင့် နှစ်သစ်ကူး မဟာသင်္ကြန်ကာလများမှာ ပျော်ရွှင်မှုရခဲ့ပါ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ရှိသူများအနေဖြင့် ပြည်သူများ နှစ်သစ်ကူး မဟာသင်္ကြန်ကာလကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနိုင်ရေး အဘက်ဘက်မှ ဆောင်ရွက်ပေးလျက်ရှိသည့်အပေါ် အထူးပင် ကျေးဇူးတင်မိပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် မဟာသင်္ကြန်ကာလတွင် ပြည်သူများအေးချမ်းပျော်ရွှင်နိုင်ရန် စီမံဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းကြမည်ကို မရှုစိမ့်နိုင်သော နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများက လှုံ့ဆော်လျက်ရှိပြီး ၎င်းတို့၏ သြဇာခံ အကြမ်းဖက်သမားများကလည်း မဟာသင်္ကြန်ကာလတွင် အကြမ်းဖက်လှုပ်ရှားမှုများဖြင့် ပြည်သူများကို ခြိမ်းခြောက်နိုင်ရန် လုပ်ဆောင်လျက်ရှိသည်ကို တွေ့မြင်ရပါသည်။
အထူးအားဖြင့် အင်းလေး ရေပေါ်သင်္ကြန်ကို အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်မည့် NLD အစွန်းရောက် အင်းလေး PDF အမည်ခံ အကြမ်းဖက်သမားများကို လက်ဦးမှုရယူဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်း၊ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦး ၏ ခိုင်းစေချက်ဖြင့် မဟာသင်္ကြန်ကာလ ရန်ကုန်မြို့ပေါ်တွင် ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်မည့် NLD အစွန်းရောက် Special Task Agency - STA အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား အချိန်မီကြိုတင်သတင်း လက်ဦးမှုရယူ ဖမ်းဆီးရမိနိုင်ခဲ့ခြင်းများသည် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ မဟာသင်္ကြန်ကာလကို ဖြတ်သန်းနိုင်ရေး အထူးအားထုတ် ကြိုးပမ်းမှုများဖြစ်သဖြင့် အကြမ်းဖက်သမားများကို ဖမ်းဆီးထိန်းသိမ်းပေးခဲ့သော တာဝန်ရှိသူများကို အထူးကျေးဇူးတင်ပါသည်။
ပြည်သူတို့၏ နေ့စဉ်လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုသာ အစဉ်ရှေးရှုဆောင်ရွက်လျက်ရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ။
မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ရန် လုံခြုံရေးတာဝန်ယူ ဆောင်ရွက်ပေးကြမည့် တပ်မတော်အရာရှိများ၊ ရဲအရာရှိများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်လျက်ရှိသော NLD အစွန်းရောက် အကြမ်းဖက်သမားမှန်သမျှကို လက်ဦးမှု ရယူဖမ်းဆီးထိန်းသိမ်းနိုင်ကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်ကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒမှန်သမျှ ပြည့်ဝအောင်မြင်ကြပါစေ။
တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများအနေဖြင့်လည်း မဟာသင်္ကြန်ကာလအတွင်း တစ်ဦးနှင့် တစ်ဦး ခိုက်ရန်ဖြစ်ပွားခြင်းမရှိ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုသည့် ဗြဟ္မစိုရ်တရားကို လက်ကိုင်ထား၍ အေးချမ်းပျော်ရွှင်နိုင်ကြပါစေ။ ကိုယ်ကျန်းမာ စိတ်ချမ်းသာ၍ ကောင်းကျိုးလိုရာဆန္ဒမှန်သမျှ ပြည့်ဝ အောင်မြင်ကြပါစေ။
တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ဆူပူ အကြမ်းဖက်နည်းလမ်းဖြင့် အလုံးစုံပျက်သုဉ်းရေးကို ဖော်ဆောင်လျက်ရှိသော ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအားလုံး နှစ်သစ်အခါသယမမှစ၍ ဘေးဆိုး၊ အန္တရာယ်ဆိုး အမျိုးမျိုး ကျရောက်ပြီးလျှင် ၎င်းတို့ ကျူးလွန်ခဲ့သော ရက်စက်ယုတ်မာရိုင်းစိုင်းလွန်းသော ရာဇဝတ်မှုများအတွက် တူသောအကျိုးပေးကို ရရှိ၍ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် လွတ်လပ်ပျော်ရွှင် အေးချမ်းမှုကို မရနိုင်ဘဲ အတိဒုက္ခအမျိုးမျိုးနဲ့ ကြုံတွေ့ကြပါစေ။
နောင်တော်လေး (ဘိုကလေး)
Myanmar National Post
No comments:
Post a Comment