ပေါင်မြို့နယ်တွင် အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် တီဘီရောဂါဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် တီဘီရောဂါဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်




MNP ၊  ဧပြီ ၂၅

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် တီဘီရောဂါဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၌ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မွန်ပြည်နယ်တီဘီရောဂါ နှင့်အနာကြီးရောဂါတိုက်ဖျက်ရေးဌာနမှ ဒေါက်တာထွန်းဦးက တီဘီရောဂါလူနာသစ်များ ရှာဖွေဖော်ထုတ်ရန်လည်းကောင်း၊ တီဘီဆေးသောက်နေသူများဆေးသောက်ကာလပြီးဆုံးသည်အထိစနစ်တကျတိုက်ကျွေးနိုင်ရန်လည်းကောင်း၊ဆေးယဉ်ပါးတီဘီရောဂါဖြစ်ပွားမှုလျှော့ချရန်လည်းကောင်းစသည်များ ဆွေးနွေးပို့ချခဲ့သည်။


ထို့နောက် မွန်ပြည်နယ် တီဘီရောဂါတိုက်ဖျက်ရေးဌာန အဖွဲ့ခေါင်းဆောင် ဒေါက်တာမင်းသက်လွင်က တီဘီရောဂါသည်များအားရှာဖွေပြီး ဆေးတိုက်ကျွေးရမည့်အစီအစဉ်များ၊ဆေးကိုမပျက်မကွက်နေ့စဉ်အချိန်မှန်သောက်သုံးမှ ရောဂါပျောက်ကင်းသက်သာမည်ဖြစ်ပါကြောင်း ရောဂါခံစားနေရသူများကိုလည်းအချိန်မီဆေးကုသမှုခံယူကြရန် ကျန်းမာရေးဝန်ထမ်းများက မြေပြင်ကွင်းဆင်းပြီး ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ‌သင်ကြားဆွေးနွေးခဲ့သည်။


အဆိုပါ တီဘီရောဂါဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကို ရပ်ကွက်/ကျေးရွာများရှိ ကျန်းမာရေးဝန်ထမ်း  ( ၄၄ )ဦးတို့က ( ၂ ) ရက်ကြာသင်ကြားပြသသွားမည်ဖြစ်ပါကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)