စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ သုတေသနစိုက်ခင်းများ ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ ဒေသခံတောင် သူများထံ ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီများ၊ မျိုးစေ့များထောက်ပံ့ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ သုတေသနစိုက်ခင်းများ ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ ဒေသခံတောင် သူများထံ ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီများ၊ မျိုးစေ့များထောက်ပံ့ပေး







MNP ၊ ဧပြီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရုံးရှိ သုတေသနစိုက်ခင်းသို့ ရောက်ရှိကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူများက ရေဓါတ်မြေသြဇာ အစက်ချရေပေးသွင်းခြင်း၊ ရေချွေတာစိုက်နည်းစနစ် သရုပ်ပြစိုက်ခင်း၊ မိုးကြိုချည်မျှင် ရှည်ဝါ မျိုးတွဲအလိုက်အပင်ကြီးထွားမှု အဆင့်တိုင်းတွင်ကျရောက်တတ်သော စုပ်ပိုးများအား လေ့လာခြင်း သုတေသနစိုက်ခင်း၊ Ever Green မြတ်ပျိုးပင်များနှင့် သစ်စိမ်းမြေသြဇာစိုက် ပျိုးခြင်းဖြင့် မြေဆီလွှာအဟာရတိုးတက်မှုနှင့် သီးနှံထုတ်လုပ်မှုမြင့်မားလာခြင်းအား လေ့လာ ခြင်းသုတေသနစိုက်ခင်း၊ ရေစုမြောင်းများနှင့် Home Garden စိုက်ခင်းများပျိုးထောင်ထားရှိ မှုများအား လိုက်လံရှင်းလင်း ပြသကြသည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သုတေသနစိုက်ခင်းများ စိုက်ပျိုးထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာခရိုင်စိုက်ပျိုး ရေးဦးစီးဌာနရုံးသို့ရောက်ရှိရာ မှိုမျိုးစုံ၊ မျိုးစေ့နှင့် စိုက်ထုတ်သုတေသနပြုစမ်းသပ်ခန်းတွင် အသုံးပြုလျှက်ရှိသည့် 5000 w ထွက်ရှိသည့် Solar တပ်ဆင်ထားရှိမှုနှင့် မှိုမျိုးစုံ၊မျိုးစေ့နှင့် စိုက်ထုတ်သုတေသနပြုစမ်းသပ်ခန်းအတွင်း မှိုမျိုးစုံထုတ်လုပ်နေမှုတို့အား ကြည့်ရှုအားပေး ခဲ့ကြသည်။


ယင်းနောက် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံတောင်သူများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ တာဝန် ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး တာဝန်ရှိသူများနှင့်အတူ တောင်သူများထံ ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီများနှင့် မျိုးစေ့များအား အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီ မွေးမြူထုတ်လုပ်ရေး ဓါတ်ခွဲခန်းသို့ရောက်ရှိရာ ဥကပ်ပါးနဂျီ မွေးမြူထုတ်လုပ် မှုအဆင့်ဆင့်အား တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။


အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၁/၂၀၂၃ အစည်းအဝေးသို့ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဝင်များအနေဖြင့်လည်း လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့်  မှန်မှန် ကန်ကန် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဝါးနှင့်နှစ်ရှည်ပင်များကို အမှန်တကယ် စိုက်ပျိုးလိုသည့် မြေနေရာများအား ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများ က စနစ်တကျကွင်းဆင်းစီစစ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ကော်မတီအဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေလွတ်၊ မြေလပ် နှင့်မြေရိုင်းများကိုအသုံးပြုပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားလုပ်ငန်းများ ဆောင်ရွက်လို သည့်မြေနေရာများစီစစ်ခွင့်ပြုမှုအား နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက် သွားကြရန်နှင့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များက ဝိုင်းဝန်းပူးပေါင်းကာ နိုင်ငံနှင့်တိုင်းဒေသကြီး အကျိုးကိုရှေးရှုဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ သည်။


ဆက်လက်၍ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းလွင်က မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံး ပြုခွင့်လျှောက်ထားခြင်းများနှင့်ပတ်သက်၍ ရှင်းတင်းတင်ပြပြီး အစည်းအဝေးသို့တက်ရောက် လာကြသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များက လုပ်ငန်းများနှင့် ပတ်သက်၍အသီးသီးအကြံပြုဆွေးနွေး တင်ပြကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာနိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။   


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)