ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ကြို့ပင်ကောက်မြို့ တိုးချဲ့ရေးဝေရေးလုပ်ငန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ကြို့ပင်ကောက်မြို့ တိုးချဲ့ရေးဝေရေးလုပ်ငန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး




MNP ၊  ဧပြီ ၂၄

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော မြို့အနောက်ဘက်ခြမ်း တိုးချဲ့ရေပေးရေးလုပ်ငန်းအား ယနေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူမျာတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့အနောက်ဘက်ခြမ်း တိုးချဲ့ရေပေးဝေရေးလုပ်ငန်းအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့် မြို့မိမြို့ဖဦးတင်ဦးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ရေရှားပါးသောမြို့ဖြစ်၍ ရေရရှိရေးလုပ်ငန်း ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိမ်းသိမ်းဆောင်ရွက်သွားကြစေလိုကြောင်း ယခုရရှိသောရေသည် သုံးရေအဆင့်သာဖြစ်၍ သန့်ရှင်းသောသောက်ရေအဆင့်ထိရရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ဝန်ကြီးချုပ်မှ မြို့အနောက်ဘက်ခြမ်းရေးပို့လွှတ်ပေးသည့် ရေဘားအား စတင်ဖွင့်လှစ်ပေးပြီး ဒေသခံပြည်သူများ ရေရရှိသုံးစွဲနေမှုအခြေအနေများကို ရင်းရင်းနှီးနှီး တွေ့ဆုံမေးမြန်း၍ လိုအပ်ချက်များအား သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများနှင့် ပေါးစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့သည်။


ကြို့ပင်ကောက်မြို့တွင် တိုင်းဒေသကြီးအစိုးရဖွဲ့ အထွေထွေပိုလျှံရန်ပုံငွေများဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်က မြို့အရှေ့ဘက်ခြမ်းရေးရရှိရေး လုပ်ငန်းအတွက် ငွေကျပ်သန်းပေါင်း ၅၅၇ ဒသမ ၆၀၆ သန်း အကုန်အကျခံ ဆောင်ရွက်ပေးခဲ့ပြီး ယခုမြို့အနောက်ဘက်ခြမ်း တိုးချဲ့ရေးပေးဝေရေး လုပ်ငန်းအား ငွေကျပ်သန်းပေါင်း ၄၂၂ ဒသမ ၃၁၅ သန်းဖြင့် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။


ဇေယျာထွန်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)