MNP ၊ ဧပြီ ၂၅
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကျရောက်မှုမရှိစေရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ဆန်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသော်ဇေညွန့်တို့ ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်(၇)ဦးတို့သည် ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က လောက်ကိုင်မြို့ အမှတ်(၂)ရပ်ကွက် ခရီးသည်တင် ယာဉ်လိုင်းကြီးကြပ်မှုကော်မတီရုံးခန်းမတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ဆန်းထွန်းမှ မီးဘေးလုံခြုံရေးအတွက် တပ်ဆင်ထားရှိသင့်သော မီးသတ်ဆေးဘူး အမျိုးအစားများအကြောင်း မီးဘေးအန္တရာယ်နှင့်ရင်ဆိုင်ကြုံတွေ့လာပါက ရှေးဦးမီးငြိမ်းသတ်ခြင်းကို အလျှင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်စေရန် မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုပုံအဆင့်ဆင့်ကို ရှင်းလင်း ဟောပြောခဲ့ကြောင်းသိရသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသော်ဇေညွန့်ပါ သန္ဓေတပ်ဖွဲ့ဝင်(၇)ဦးတို့က မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုပုံနှင့် မီးငြိမ်းသတ်ပိုက် သုံးစွဲပုံများကို လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင်းခြင်းများ ဆောင်ရွက်ခြင်းနှင့် မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင် များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ယာဉ်ရပ်နားကွင်းအတွင်းရှိ ဂိတ်အသီးသီးမှ ယာဉ်ဂိတ်မှူများ၊ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ စုစုပေါင်း (၃၃)ဦးတို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
ညိုညိုဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment