MNP ၊ ဧပြီ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်အခြေခံပညာအထက်တန်း ကျောင်း၌ နွေရာသီကျောင်းပိတ်ရက် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှု အားပေးခဲ့သည်။
လာရောက်ကြည့်ရှုအားပေးရာတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူး၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇေယျာမင်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာအုပ်စု၊ ကျောက်ချက်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်ထားရှိသည့် နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းသို့ လာရောက်ကြည့်ရှုအားပေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်၊ အဖွဲ့ဝင်ဗိုလ်မှူး ဝင်းထင်နှင့် တာဝန်ရှိသူများ ကျောက်ချက်အခြေခံပညာ အထက်တန်းကျောင်း၊ မြို့နယ်အတွင်း အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် နွေရာသီ ကျောင်းပိတ်ရက် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း အခြေအနေများအား ရှင်းလင်းတင် ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က လိုအပ်သည်များ မှာကြားခဲ့သည်။
ကျောက်ချက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်းသို့ ကျောင်းသား/ သူ ၅၀ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းတွင် ငါးပါးသီလ၊ ဗုဒ္ဓဝင် ခုနစ်နေ့ဘုရားရှိခိုး၊ သုစရိုက်(၁၀)ပါး၊ ပုညကြိယာ(၁၀)ပါး၊ ယဉ်ကျေးခြင်းအပိုင်း (၁)နှင့် (၂)၊ ယဉ်ကျေး လိမ္မာဆုံးမစာများအပိုင်း (၁)နှင့် (၂)၊ “ကန်တော့ကြမယ်”၊ ဒုစရိုက်(၁)ပါး စသည့် ဘာသာရ ပ်များကို ဧပြီလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)
#MyanmarNationalPost
No comments:
Post a Comment