မြို့သစ်မြို့နယ်တွင် ပြည်သူများ သောက်သုံးရေ အခက်အခဲမဖြစ်ပေါ်စေရန်အတွက် ရေများ သွားရောက်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့နယ်တွင် ပြည်သူများ သောက်သုံးရေ အခက်အခဲမဖြစ်ပေါ်စေရန်အတွက် ရေများ သွားရောက်လှူဒါန်း



MNP ၊  ဧပြီ ၂၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ဒေသခံပြည်သူများ နွေရာသီကာလ သောက်သုံးရေ အခက်အခဲမဖြစ်ပေါ်စေရန်နှင့် အဆင်ပြေမှုရရှိစေရန်အတွက် အမှတ်(၁၇)ကာကွယ်ရေးပစ္စည်းစက်ရုံမှ စက်ရုံမှူး၊ ဗိုလ်မှူးကြီးသိန်းလွင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ မြို့သစ်မြို့နယ် မြေပြင်သာအုပ်စု ကျောက်ထရံကျေးရွာ၊ ကိုဒူကျေးရွာ၊ အောင်ချမ်းသာကျေးရွာနှင့် ငါးခူအိုင်တဲတိုက်မှ အိမ်ခြေ(၁၄၂၄)လုံး၊ အိမ်ထောင်စု(၁၅၈၀)စု၊ ဇီးလုံးကျေးရွာအုပ်စု၊ ဇီးလုံးကျေးရွာမှ အိမ်ခြေ(၂၈၀)၊ အိမ်ထောင်စု(၂၈၀)စု၊ ဘော့အုပ်စု၊ ဘော့ကျေးရွာမှ အိမ်ခြေ(၁၇၉)လုံး ၊အိမ်ထောင်စု(၁၈၁)စုရှိ ကျေးရွာနေပြည်သူများသို့ ယမန်နေ့နံနက်က သွားရောက်လှူဒါန်းပေးခဲ့သည်။


အဆိုပါကျေးရွာနေ ပြည်သူများထံသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းပေးရာတွင် ကပစ(၁၇)မှ ရေဂါလံ(၂၀၀၀)ဆံ့ ရေသယ်ယာဥ်တစ်စီး၊ မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ရေဂါလံ(၁၆၀၀)ဆံ့ ရေသယ်ယာဥ်တစ်စီးတို့ဖြင့် နွေရာသီရေရှားပါးပြတ်လပ်နိုင်သည့် ကျေးရွာနေပြည်သူများကို သောက်သုံးရေအခက်အခဲမဖြစ်စေရေးအတွက် သောက်သုံးရေများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


သန်းဝင်းထွန်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)