ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် များ ပြည့်မီစွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပြည်နယ်၊ ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီများထံ တာဝန်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် များ ပြည့်မီစွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပြည်နယ်၊ ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီများထံ တာဝန်ပေးအပ်







MNP ၊ ဧပြီ ၂၅

ကချင်ပြည်နယ်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးမူဝါဒများ၊နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၁၂ ရပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ ၏ စီးပွားရေးမူဝါဒ ရည်မှန်းချက်များနှင့်အညီ ဦးစားပေးလုပ်ငန်းအစီအစဉ်များအပေါ် အခြေခံရေးဆွဲ ထားသည့် ကချင်ပြည်နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန် ပေးအပ်ပွဲအခမ်းအနားကို ဧပြီ ၂၅ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ကချင်ပြည်နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းဥပဒေရေးဆွဲရာတွင် ပြည်နယ်၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် မူဝါဒများနှင့်အညီ ဦးစားပေးလုပ်ငန်းအစီအစဉ်များအပေါ် အခြေခံ၍  ရေးဆွဲထားခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ စီမံကိန်းရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌများအနေဖြင့် လုပ်ငန်းလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင် ရွက်ကြရမည်ဖြစ်ပြီး စီမံကိန်းရည်မှန်းချက်များ ပြည့်မီကျော်လွန်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေထံသို့ လည်းကောင်း၊ အလားတူ စီမံကိန်းရည်မှန်းချက်များ ပြည့်မီစွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများကိုယ်စား ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီး မှူးထံလည်းကောင်း၊ မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ပူတာအို၊ တနိုင်းနှင့် ချီဖွေခရိုင် (၆)ခရိုင်မှ ခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများထံလည်းကောင်း အသီးသီး တာဝန်ပေးအပ်ခဲ့သည်။


ယင်းနောက် ပြည်နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ဒေသန္တရစီမံကိန်း‌ရေးဆွဲရာတွင် ပြည်သူလူထုကို တိုက်ရိုက်အကျိုး ဖြစ်ထွန်းစေမည့် လုပ်ငန်းများ၊ ဘဏ္ဍာရေးနှစ်အတွင်း အမှန်တကယ်အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းများကို အထိရောက်ဆုံးနှင့် အကျိုးရှိဆုံးဖြစ်စေရေးအတွက် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီး နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒများနှင့်အညီ ရေးဆွဲဆောင်ရွက်ထားရှိမှုနှင့် ကဏ္ဍအလိုက် စီမံကိန်းရည်မှန်းချက်များတွင် တိုးတက်မှုဖြစ်ပေါ်ရန် ရည်မှန်းချက်ထားရှိမှုများကို ရှင်းလင်းဆွေး နွေးတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသန္တရစီမံကိန်းရည်မှန်းချက်ပါအတိုင်း တိုးတက်မှုများ လက်တွေ့ဖြစ်ပေါ်လာစေ‌ရေး၊ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းကို သတ်မှတ်အချိန် ကာလအတိုင်း ပြီးစီးအောင်မြင်အောင်ဆောင်ရွက်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)