မြန်မာပြည်အတွက် အန္တရာယ်ကောင် (သို့မဟုတ်) ဘန်ကီမွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာပြည်အတွက် အန္တရာယ်ကောင် (သို့မဟုတ်) ဘန်ကီမွန်း



ယမန်နေ့က မြန်မာနိုင်ငံကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း၊ လက်ရှိ The Elder အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဘန်ကီမွန်း မြန်မာပြည်ကို ရောက်ရှိလာတာကို တွေ့ရပါတယ်။ သတင်း ထုတ်ပြန်ချက်မှာတော့ The Elders အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ရောက်ရှိကြပါတယ်။ အဆိုပါ The Elders အဖွဲ့၏ ဒုတိယဥက္ကဋ္ဌဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြတယ်ဆိုတာလောက်ပဲ သတင်းထုတ်ပြန်ထားပါတယ်။ 

ဘန်ကီမွန်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဘာအတွက်ရောက်ရှိလာတာလဲဆိုတာကိုတော့ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ဘန်ကီမွန်း ဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ကို ထမ်းဆောင်နေတဲ့အချိန်မှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ခိုးဝင်ဘင်္ဂလီကိစ္စကို လူမျိုးလိမ်အမည်နဲ့ ဖိအားအမျိုးမျိုးပေးခဲ့တဲ့ ပုဂ္ဂိုလ် တစ်နည်းအားဖြင့် မြန်မာတိုင်းရင်းသား ပြည်သူတွေအတွက် အန္တရာယ်ကောင်လို့ တင်စားရမယ့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဘန်ကီမွန်းဟာ လူမျိုးလိမ်အရေးနဲ့ ဖိအားအမျိုးမျိုးပေးခဲ့ရုံမျှမက ဘန်ကီမွန်း စေလွှတ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ရန်ဟီးလီ ဟာလည်း လူမျိုးလိမ်အရေး လှုပ်ရှားသူတစ်ဦး ဖြစ်တာကြောင့် ရခိုင်တိုင်းရင်းသားပြည်သူတွေနဲ့ အမျိုးသားရေးလှုပ်ရှားသူတွေက အစဉ်တစိုက် ကန့်ကွက်ခဲ့ရတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ခဲ့ပါတယ်။

ဘန်ကီမွန်းအနေနဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်စဉ်မှာ လူမျိုးရေးပြဿနာတွေနဲ့ ပတ်သက်လို့ မှန်ကန်တဲ့ ရပ်တည်ချက်မရှိတဲ့အတွက်ကြောင့် ကုလသမဂ္ဂအဖွဲ့အစည်းကိုယ်တိုင်ပါ ပြစ်တင်ပြောဆိုခံခဲ့ရတဲ့ အခြေအနေမျိုးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ခိုးဝင်ဘင်္ဂလီအရေးနဲ့ ပတ်သက်လို့ ဘန်ကီမွန်းရဲ့ ပြောဆိုချက်တွေဟာ တစ်ဖတ်သက် ဖိအားပေးပြောဆိုမှုတွေ လုပ်ဆောင်ခဲ့ခြင်းကြောင့် ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ရတာမျိုးတွေလည်း ရှိပါတယ်။

တပ်မတော်ဦးဆောင်တဲ့ နစက အစိုးရအဖွဲ့လက်ထက်မှာတော့ ဘန်ကီမွန်း ပါဝင်ဆောင်ရွက်နေတဲ့ The Elder အဖွဲ့ဟာ လူမျိုးလိမ်အရေးဖိအားပေးပြောဆိုမှုတွေ လုပ်ဆောင်ခဲ့ကြသလို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ NUG အကြမ်းဖက်အဖွဲ့နဲ့ ချိတ်ဆက်လုပ်ဆောင်မှုတချို့ မြင်တွေ့ခဲ့ရတာ ရှိပါတယ်။

ဘန်ကီမွန်း ကို ဖိတ်ကြားရခြင်းနဲ့ ပတ်သက်လို့ သီးခြားသတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ ဘန်ကီမွန်း ရဲ့ ရပ်တည်ချက်ကတော့ မြန်မာပြည်အရေးမှာ မှန်ကန်တဲ့ ရပ်တည်ချက်မျိုး မရှိခဲ့ပါဘူး။ ခိုးဝင်ဘင်္ဂလီကို လူမျိုးလိမ်အမည်နဲ့ အသိအမှတ်ပြုပေးဖို့ အရေးဆိုသူတွေထဲက တစ်ဦးဖြစ်နေတာကြောင့် ဘန်ကီမွန်းဟာ မြန်မာပြည်ရဲ့ အန္တရာယ်ကောင်တွေထဲက တစ်ဦး ဖြစ်ပါတယ်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)