MNP ၊ ဧပြီ ၂၅
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ပူပြင်းခြောက်သွေ့သောရာသီဥတု ဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရေးအတွက် မီးဘေးဆိုင်ရာညွှန်ကြားချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိ ကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ခြင်းအားပေါက်တော မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းက မီးသတ်ယာဉ်ဖြင့်ပေါက်တောမြို့ရှိ မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ပြီး လှည့်လည် အသိပေးနှိုးဆော်ကြသည်။
အဆိုပါ မီးဘေးအန္တရာယ်အသိပေးနှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ပူပြင်းခြောက်သွေ့သောရာသီဥတုဖြစ်သဖြင့် မီးဘေးလုံခြုံရေးဆိုင်ရာညွှန်ကြားချက်များဖြစ်သည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ၏ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့်မီးသတ်ဆေးဘူး စသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအားအသင့်ထားရှိရေး၊နေအိမ်များတွင်လောင်စာဆီများသိုလှောင်ခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသောဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသောလျှပ်စစ် ပစ္စည်းများအားအသုံးမပြုကြရန်၊ မီးသွေး မီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျမီးငြိမ်းသတ်ကြရန်၊ ဖယောင်းတိုင်မီး၊ အမွှေးတိုင်၊ ခြင်ဆေးခွေများအား ငြှိမ်းသတ်ထားကြရန်နှင့် မီးလောင်မှုဖြစ်ပွား ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြားကြရန်စသည်တို့အား အသိပေးနှိုးဆော်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment