ရခိုင်ပြည်နယ်၊ စီးပွါးရေးရာဝန်ကြီး သံတွဲမြို့နယ်၊ ငပလီကမ်းခြေဒေသရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်၊ စီးပွါးရေးရာဝန်ကြီး သံတွဲမြို့နယ်၊ ငပလီကမ်းခြေဒေသရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ


MNP ၊  ဧပြီ ၂၄

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် ပြည်နယ်စီးပွါးရေးရာဝန်ကြီးမှ သံတွဲမြို့နယ်၊ ငပလီကမ်းခြေဒေသရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ စည်ပင်တည်းခိုရိပ်သာလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက သံတွဲခရိုင်လူထုအခြေပြု ဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင်  ပြည်နယ်စီးပွါးရေးရာဝန်ကြီး ဦးစံရွှေမောင်က ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးရေးအတွက် ပိတ်ထားသော ဟိုတည်တည်းခိုခန်းများ အား ပြန်လည်ဖွင့်လှစ်ရေး၊ မိမိတို့ကိုယ်တိုင်မဖွင့်လှစ်နိုင်၍ ရင်းနှီးမြုပ်နှံမှုစီးပွါးရေးလုပ်ငန်းများနှင့် ချိတ်ဆက်ပေးရန် လိုအပ်ပါက သက်ဆိုင်ရာ တာဝန်ရှိသူများအား တင်ပြကြဆောင်ရွက်ကြရေး၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းရှင်များအားဖိတ်ခေါ်ရေး၊ ဟိုတယ်တည်းခိုခန်းလုပ်ငန်းများအပြင် စိုက်ပျိုးမွေးမြူရေး၊  အိမ်တွင်းမှုထုတ်ကုန် စီးပွါးရေးလုပ်ငန်းများနှင့် တွဲဖက်ဆောင်ရွက်ကြရန်နှင့် ငပလီအမှတ်တရလက်ဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချရေး၊ သန့်ရှင်းလတ်ဆတ်သော အစာအာဟာရများ ချက်ပြုတ်ရောင်းချပြီး ဒေသဆိုင်ရာစီးပွါးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။


ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် သံတွဲမြို့နယ်၊ ငပလီကမ်းခြေဒေသရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များ  စားသောက်ဆိုင် လုပ်ငန်းရှင်များက လုပ်ငန်းလိုအပ်ချက်များကို ပြန်လည်တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)