ဝမ်းတွင်းမြို့နယ်ရှိ သိမ်တောင်ကုန်းတော်တွင် အရိပ်ရသစ်ပင်များ စိုက်ပျိုးထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြို့နယ်ရှိ သိမ်တောင်ကုန်းတော်တွင် အရိပ်ရသစ်ပင်များ စိုက်ပျိုးထားရှိ



MNP ၊  ဧပြီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ သိမ်တောင်ကုန်းတော်ပေါ်တွင် အရိပ်ရသစ်မျိုးပင်များကို စိုက်ပျိုးထားရှိကြောင်း သိရသည်။


ဝမ်းတွင်းမြို့နယ်သည် မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၂၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၅ မိနစ်နှင့် ၉၆ ဒီဂရီ ၁၆ မိနစ်ကြား တည်ရှိသော မြို့နယ်တစ်ခုဖြစ်ကာ အရှေ့အနောက်(၂၆)မိုင်၊ တောင်မြောက်(၂၈.၅)မိုင်ရှည်လားသည်၊။ ဝမ်းတွင်းမြို့နယ်သည် တောင်ကုန်း တောင်တန်း နည်းပါးပြီး အများအားဖြင့် မြေပြင်ညီညာပြန့်ပြူးလျက်ရှိပြီး အမြဲစီးဆင်းသော ချောင်း နည်းပါသည်။ ဝမ်းတွင်းမြို့နယ်အနေဖြင့် ပူပြင်းခြောက်သွေ့သော ဒေသတစ်ခုဖြစ်ပြီး အမြင့်ဆုံးအပူချိန် ၃၈.၂ံ C နှင့် အနိမ့်ဆုံးအပူချိန် ၁၅.၈ံC ရှိကာ ပင်လယ်ရေမျက်နှာပြင်အထက် (၄၆၀)ပေအထက် တည်ရှိသော မြို့နယ်တစ်ခုဖြစ်သည်။ ဝမ်းတွင်းမြို့နယ်အတွင်း ရာသီဥတု မျှတကောင်းမွန်စေရန်၊ မြေဆီလွှာထိန်းသိမ်းနိုင်စေရန်၊ သက်ရှိလောက အဓွန့်ရှည် တည်တံ့စေရန်၊ သစ်တောသစ်ပင်များ တိုးပွားရေး ပတ်ဝန်းကျင်ကို အေးမြစေပြီး ရေတိုက်စားမှုမှ ကင်းဝေးစေရန်၊ တိရိစ္ဆာန်များ ရှင်သန်တိုးပွားပြီး ရေထုလေထု ညစ်ညမ်းမှုကင်းဝေးစေရန် စသည့် ရည်ရွယ်ချက်များဖြင့် သစ်ပင်များကို စိုက်ပျိုးခြင်းဖြစ်ပြီး သိမ်တောင်သာသနာနယ်မြေတွင် သစ်တော သစ်ပင်များထူထပ်ပြီး စိမ်းလန်းဆိုပြေစေရန် ရည်ရွယ်၍ အရိပ်ရသစ်ပင်များကို စိုက်ပျိုးထားရှိပြီး ထပ်မံစိုက်ပျိုးသွားရန် ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။


ဝမ်းတွင်းမြို့နယ်ရှိ သိမ်တောင်ကုန်းတော်ပေါ်တွင် အရိပ်ရသစ်ပင်များဖြစ်သည့်  ဗန်ဒါပင်၊ စိန်ပန်းပင်၊ မယ်ဇလီပင်၊ မယ်ဇယ်ပင်၊ နံ့သာနီပင်၊ မြန်မာကုက္ကို၊ ကုလားကုက္ကို၊ ခရေပင်၊ တမာပင်၊ ညောင်ပင်၊ သရက်ပင်စသည့် အပင်မျိုး(၁၅၂)ပင်ကိုစတင်စိုက်ပျိုးထားရှိပြီး အရိပ်ရ ပင်များ တိုးချဲ့ စိုက်ပျိုးသွားရန် စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း အရိပ်ရသစ်ပင်များ ဦးဆောင်စိုက်ပျိုးနေသူ ဦးအောင်အောင်ထံမှ သိရသည်။


ရဲမျိုးသက်

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)