MNP ၊ ဧပြီ ၂၆
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မော်တော်ယာဉ်ဖောင်း ကြွ နံပါတ်ပြားအသစ်များပြောင်း လဲတပ်ဆင်အသုံးပြုကြရန် အသိ ပညာပေးခြင်းကို ရန်ကုန်-စစ်တွေ ကားလမ်း အမ်းအပိုင်း ကျော်ဇံ ဆီဆိုင်ကုန်းရှေ့လမ်းဆုံတွင်ယနေ့ နံနက် ၇ နာရီအချိန်က တာဝန်ရှိသူများကဆောင်ရွက်ခဲ့သည်။
မော်တော်ယာဉ် ဖောင်းကြွနံ ပါတ်ပြားအသစ်များပြောင်းလဲတပ်ဆင်အသုံးပြုကြရန် ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွန်ကြားမှုးဦးစီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် ဧပြီလ အထိ အသိပညာပေးကာ လအဖြစ်သတ်မှတ်၍ ဖောင်း ကြွနံပါတ်ပြားအသစ်များ ဆောင်ရွက်ပေးလျက်ရှိသည်။
သို့ဖြစ်ပါ၍ အမ်းမြိုနယ်၌ ရန်ကုန်-စစ်တွေ ကားလမ်း အမ်းအပိုင်း ကျော်ဇံဆီဆိုင်ကုန်းရှေ့လမ်းဆုံတွင် အမှတ်(၂၁)ယာဉ် ထိန်း ရဲတပ်ဖွဲ့စု(ကျောက်ဖြူ) လက်အောက်ရှိ အမ်းတပ်ဖွဲ့စိတ်မှူး ဒုရဲအုပ် သန့်ဇင်ဦး ဦးဆောင်၍တပ်ဖွဲ့ဝင် ၃ ဦး၊ အမ်းမြို့မရဲစခန်းမှ ရဲဒုတပ်ကြတ် နိုင်မင်းနှင့်တပ်ဖွဲ့ ဝင်များ၊မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီး ဦးဝင်းကိုနိုင်နှင့် ဝန်ထမ်းများ၊အောက်ရွာကျေးရွာအုပ်စု အုပ် ချုပ်ရေးမှူး ဦးတင်မြင့်နှင့် ရာအိမ်မှူးများပါဝင်သည့် ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်(၄၀)စီးအား
စစ်ဆေးဆောင်ရွက်ခဲ့ရာ ဖောင်း ကြွနံပါတ်ပြားအသစ်များပြောင်း လဲတပ်ဆင်ခြင်း မပြုရသေးသော မော်တော်ယာဉ်(၁၀)စီးကို စစ်ဆေးတွေ့ရှိရသဖြင့် မော်တော်ယာဉ် မောင်းနှင်သူများအား အချိန်မှီကုန်းလမ်း ပို့ဆောင်ရေးနှင့် ညွန်ကြားမှုးဦးစီးဌာသို့ သွားရောက်၍ ဖောင်းကြွနံ ပါတ်ပြားအသစ်များ ပြောင်းလဲတပ်ဆင်အသုံးပြုကြရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment