လှည်းကူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

လှည်းကူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

89


MNP ၊  ဧပြီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ဒေသနေပြည်သူများစာပေများဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာချစ်ဦးညို၏တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဥ်ကျေးမှုမျက်နှာစာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်။


အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ပြီး စာပေချစ်သူများအချင်းချင်း တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ဆွေးနွေးသည့် အလေ့အကျင့်များရရှိစေရန် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုဆွေးနွေးသည့်စာအုပ်သည်လူငယ်များအနေဖြင့် ဖတ်သင့်သည့်စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ ဦးသက်ဦးနှင့် ဦးကျော်နိုင်ထွန်းတို့က အဆိုပါစာအုပ်တွင်ပါရှိသည့်အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများကလည်း အပြန်အလှန်ဆွေးနွေးကြောင်း သိရှိရသည်။


အေးအေးနွဲ့

 https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages