ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင် ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင် ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်








MNP ၊ ဧပြီ ၂၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဧပြီ(၂၄)ရက် နေ့လည်(၁၂)နာရီက ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်အားကစားကွင်း ပြန်လည်ပြုပြင်မည့်နေရာအား သွားရောက် ကြည့်ရှုစစ်ဆေးရာ လောက်ကိုင်ခရိုင် အားကာဦးစီးမှူးမှ အားကစားကွင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောက်ကိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများကို သွားရောက်ကြည့်ရှုအားပေးစကားပြောကြား၍ စားစရာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှူကာ ဆေးရုံတွင်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ လောက်ကိုင်ခရိုင် ဆေးရုံအုပ်ကြီးမှ လက်ခံရယူကြောင်း သိရသည်။


ထို့နောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ဒေသဦးစီးခန်းမတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးမိုးဇော်လတ်က ဒေသဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော ရပ်မိ၊ရပ်ဖနှင့် ဌာနဆိုင်ရာများမှ ဒေသလိုအပ်ချက်များတင်ပြကြရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တင်ပြချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမိုးဇော်လတ်မှ လက်ခံရယူသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊  နှစ်နိုင်ငံစီးပွားကူးသန်းသွားလာရေး အဆင်ပြေစေရန် နယ်စပ် ဂိတ်ပေါက် ဖြစ်သည့် ရန်လုံကျိုင်းဂိတ်အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်ခရိုင်၊ လောက်ကိုင်မြို့၊ ကိုးကန့်ဆွေကုမ္ပဏီ၏ အသေးစား ရေအားလျှပ်စစ်စက်ရုံများနှင့် တရုတ်နိုင်ငံမှ လျှပ်စစ်ဓါတ်အားရယူ၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမည့်နေရာကို သွားရောက်ကြည့်ရှု စစ်ဆေးကြောင်း သိရသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုရာ ကျောင်းအုပ်ဦးစီးအရာရှိ ဦးနိုင်ဦးက ကျောင်းနှင့်ပတ်သက်၍ အချက်အလက်များအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ရာ ကျောင်းအုပ်ကြီးမှ လက်ခံရယူကြောင်း သိရသည်။


ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်အဖွဲ့သည် ဧပြီ(၂၅)ရက် နံနက်(၇)နာရီခွဲက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း စက်မှု၊စိုက်ပျိုး၊ မွေးမြူရေး ကျောင်းဆောင်သစ် အဆောက်အဦ ဖွင့်လှစ်ပွဲ အခမ်းအနားတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းဆောင်သစ် ကမ္ဗည်းမော်ကွန်းအား အမွေးနံသာရည် ပက်ဖျန်းပေး၍ ကျောင်းအုပ်ဆရာကြီးမှ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေတို့အား အထိမ်းအမှတ်အလံများ ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော ဆရာ/ဆရာမ၊ ဝန်ထမ်းများနှင့် ဘင်ခရာတပ်ဖွဲ့တို့အား ထောက်ပံချီးမြှင့်ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။


၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လောက်ကိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်နှင့် ထင်ပါကျိုင်းကျေးရွာအုပ်စု ဆီအောကျေးရွာသွားလမ်းနှင့် ဆက်စပ်လျက်ရှိသည့် ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းအားကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။


မောင်မောင်သန်း (တောင်ကြီး) 

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)