ကျိုက်ထိုမြို့နယ်တွင် ကွန်ပျူတာဓါတ်မှန်စက်ဖြင့် နယ်လှည့် ရင်ခေါင်းတီဘီ ရောဂါရှာဖွေကုသပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် ကွန်ပျူတာဓါတ်မှန်စက်ဖြင့် နယ်လှည့် ရင်ခေါင်းတီဘီ ရောဂါရှာဖွေကုသပေး




MNP ၊  ဧပြီ ၂၅

   မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်၌ရဟန်းရှင်၊ပြည်သူများကျန်းမာရေးကောင်းမွန်စေရန်မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် မြန်မာနှစ်သစ်အထိမ်းအမှတ် ကွန်ပျူတာဓါတ်မှန်စက်ဖြင့် နယ်လှည့် အဆုတ် နှင့်ရင်ခေါင်းဆိုင်ရာတီဘီ ရောဂါ ရှာဖွေကုသခြင်းအား ဧပြီ ၂၅ရက် နံနက် ၉ နာရီတွင် ကျိုက်ထို မြို့ မြောက်ပိုင်းရပ်ကွက်ဓမ္မာရုံ ၌ စစ်ဆေးကုသပေးခဲ့သည်။


   ယင်းသို့ အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာတီဘီရောဂါ ရှာဖွေကုသရာတွင် မော်လမြိုင်ဆေးရုံကြီး တီဘီရောဂါကုသရေးဌာနမှ ဒေါက်တာ ထွန်းဦး နှင့် ဒေါက်တာတင်ကိုကိုထွေးဦးစီး၍ကျန်းမာရေးဝန်ထမ်းများက သံဃာတော်နှင့်၊ ပြည်သူများအား ဓာတ်မှန် ရိုက်စစ်ဆေးခြင်း၊လိုအပ်သည့် သောက်ဆေးများပေးဝေခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။


     အဆိုပါ နယ်လှည့်တီဘီရောဂါ စစ်ဆေး ကုသပေးခြင်းကို ကျိုက်ထိုမြို့နယ်အတွင်း ၌ ဧပြီလ ၂၁ ရက်နေ့မှစတင်ကာ‌ကွင်းဆင်းဆောင်ရွက်လျှက်ရှိပြီးကွန်ပျူတာဓါတ်မှန်စက်ဖြင့် နယ်လှည့်ရင်ခေါင်းတီဘီ ရောဂါ ရှာဖွေကုသခြင်း အစီအစဉ်အား ဧပြီ ၂၉ ရက်နေ့ထိဆောင်ရွက်သွားမည်ဖြစ်ကြောင်းကျန်းမာရေးဦးစီးဌာနမှသိရသည်။


ဝင်းမောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)