ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ





MNP ၊  ဧပြီ ၂၅

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး  ယမန်နေ့ နံနက် ၉ နာရီ အချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက  အမှာစကားပြောကြားရာတွင်  နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေများ ထုတ်ချေပေးနိုင်ရေး ၊  နိုင်ငံစီးပွားမြှင့်တင်ရေးအတွက် အဘက်ဘက်မှ ဆွေးနွေးတင်ပြပေးကြရန် နှင့် အ ထက်မှ ညွန်ကြားချက်များ လိုက်နာဆောင်ရွက်ရေး ၊ လယ်ယာမြေစီမံခန့်ခွဲမှု ကိစ္စရပ်များ  ၊ ကဆုန်ညောင်ရေသွန်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့် ကိစ္စများ၊ အောင်မြင်စွာကျင်းပ ပေးနိုင်ရန်အတွက် ဆောင်ရွက်ထားသည့် အစီအမံ များအား သက်ဆိုင်ရာ ဌာနများက ကြိုတင် ရှင်းလင်းတင်ပြကြရန် လိုအပ်ပါ ကြောင်း ပြော ကြား ခဲ့သည်။


ထို့နောက် မောင်တောမြို့နယ် နှင့် ဘူးသီးတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ များ နှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ကဏ္ဍများအလိုက် ဆောင်ရွက်နေသည့်  ကိစ္စရပ်များ ၊ ချေးငွေများ ထုတ်ချေးပေးခဲ့မှု အခြေ အနေ များအား အသီးသီးရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လိုအပ်သည် များကို  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း    သိရသည်။


သက်လွင်စိုး၊ အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)